Ch - 5

305 12 0
                                    

"ကျွန်တော်က အကို့လို ရှက်ကြောနဲ့ ချက်ကြော မှာဖျက်ထားတာမဟုတ်ဘူး ဟွန့်"

သူတို့အချိန် ကြာ" စကား ပြောပြီးသည့်
နောက်တွင် ခေတ်လွှမ်းထင် ဖုန်းမြည်လာ
သည်။

📞(Hello)

📞(ဟိတ် မင်းခုဘယ်မှာလဲ ကျောင်းမှာလား)

📞(ဟုတ်ကျောင်းမှာ)

📞(ကိုယ်လာခဲ့မယ်)

📞(မလာနဲ့)

ပြာပြာသလဲ ပြောလိုက်သဖြင့် ဘေးနားမှ အုပ်စိုးလဲ ခေတ်လွှမ်းထင်ကိုကြည့်လာသည်။

📞(ဘာလို့လဲ)

📞(ဟို ဟို ကျွန်တော် ဒီနေ့ကျောင်းမသွားဘူး)

📞(မင်းကဘာလို့ကျောင်းမသွားတာလဲ)

📞(ဟို နေမကောင်းလို့)

📞(အာ့ဆို ကိုယ်မင်းအိမ်ကို လာခဲ့မယ်)

📞(မလာနဲ့)

📞(ဟာလုပ်ပြန်ပြီကွာ)

📞(ကျွန်တော် အဆင်ပြေတာမလို့ ညနေလောက်မှ တွေ့ကြမယ်လေနော်)

📞(ဟုတ်ပြီ ဒီတစ်ကြိမ်လိမ်တာကို ခွင့်လွှတ်
လိုက်မယ် ညနေကြမှ တွေ့ကြတာပေါ့
ခေတ်လွှမ်းထင်)

ဟန်မင်းမြတ်၏ လေသံမာမာများသည်
ခေတ်လွှမ်းထင်ကို ဓားနဲ့ လှီးနေသလိုပဲ
နာကျင်ရသော်လည်း ဘေးနားတွင် လက်ရှိ
ချစ်သူကလဲ ရှိနေသေးသည်။

"ဘယ်သူလဲ အဲ့တာ"

"သူငယ်ချင်းတစ်ယောက်ပါ"

"သူကဘာလို့ ခေတ်ကိုလေသံမာမာနဲ့ပြောရတာလဲ ပြီးတော့ ခေတ်ကရော ဘာလို့လိမ်တာလဲ"

"ထပ်မမေးပါနဲ့တော့ ကျွန်တော် စိတ်တွေ
ရှုပ်နေပြီ"

ထိုအခါမှ အုပ်စိုးလဲ ခေတ်လွှမ်းထင် လက်ကိုဆွဲကာ နေ့လည်စာစားရန်အတွက် ထွက်လာလိုက်သည်။ အနီးအနားက ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်သည်။ menu ကိုကြည့်ပြီးမှာနေသော အုပ်စိုးသည် အကုန် ခေတ်လွှမ်းထင် အကြိုက်တွေကြီး မှာနေသည်။ ထိုနောက်မှ တိတ်ဆိတ်နေသည့် စကားဝိုင်းလေးကို စတင်ဖြိုခွင်းလိုက်သည်မှာ အုပ်စိုးကိုယ်
တိုင်ပင်ဖြစ်သည်။

My Emperor Where stories live. Discover now