Chapter 1

747 54 0
                                    



Part 1 — ကျိုချန်းဆွေ့ (သက်တော်ကိုးထောင်)


ပြတင်း‌ပေါက်အပြင်ဘက်တွင် နှင်းပွင့်များ ကျဆင်းနေသည်မှာ ထူထူထဲထဲချည်စောင်ကြီးတစ်ထည် ဖြန့်ကျက်ထားသည့်အလားပင်။ စုန့်လီက လက်ထဲတွင် ရွှေနှင့်ကျောက်စိမ်းစပ် လက်နွေးမီးဖိုအသေးစားလေးကို ကိုင်ထားသည်။ သို့သော် သူ မနေနိုင်ဘဲ နှာ‌ချေမိသည်။

သူ အအေးကိုအကြောက်ဆုံးပင်။ နှင်းကျမယ်မှန်းသာ သိခဲ့လျှင် သူ နန်းတွင်းထဲက ထွက်လာပြီး ဤအပျော်တွင် ပါဝင်မည်မဟုတ်ပေ။ အပေါ်ဘက်သို့ မျှော်ကြည့်လိုက်သော် ခပ်မြင့်မြင့်၌ မှင်နက်နက်ဖြင့် စာလုံးများ ရေးသားထားသော စာရွက်တစ်ရွက် ချိတ်ထားသည်ကို မြင်လိုက်ရသည်။

"အပြင်ပန်းမှာ ရွှေစီမြကွပ်၊ အတွင်းပိုင်းဝယ် ပုပ်ရိလျက်သား"

ရေးပုံရေးနည်းမှာ အမှန်တကယ် ခမ်းနားပလွှား၍ အနည်းငယ် လှောင်ပြောင်ခနဲ့ရိပ်များ ရောစွက်လို့နေသေးသည်။

ဤလက်ရေးလှစာကို မင်းနေပြည်တော်ရဲ့ နံပါတ်တစ် စာပေပညာရှင် လျိုယိက ကိုယ်တိုင်ရေးသားထားခြင်းဟု ပြောကြသည်။ ၎င်းကို ဧည့်သည်များ ကြည့်ရှုခံစားနိုင်ရန် ဝမ်ယွဲ့မျှော်စင်၌ ချိတ်ထားခြင်းဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပဲ ၎င်းက မြို့တစ်ခွင်တွင် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော စာသမားပေသမားအားလုံးကို လာကြည့်၍ ရသခံစားရန် ဆွဲဆောင်နိုင်ခဲ့သည်။ သူက ဘယ်သူရယ်လို့ နာမည်တပ်မထားသည့်တိုင် ဤသည်က ဘယ်သူ့ကို ခနဲ့ထားမှန်း လူတိုင်းခန့်မှန်းနိုင်သည်။

စုန့်လီ လက်ဆန့်ကာ သူ့ရဲ့ နှင်းဖြူရောင် မြေခွေးသားမွေးခြုံထည်ကို ကိုင်လိုက်သည်။ သူ့ကိုယ်ဟန်အမူအရာက အလွန်တင့်တယ်သည်။ သူ လှောင်ရယ်ချင်စွာဖြင့် နှုတ်ခမ်းတစ်ဖက် ကော့လိုက်ပြီးတိတ်တဆိတ် တွေးလိုက်သည်။

'မင်းတို့ ငါ့ကို ဘယ်လောက်မုန်းမုန်း ငါ့အပြင်ပန်းက ရွှေစီမြကွပ်ထားသလို မွေးရာပါအလှ ပါလာမှန်း ဝန်ခံရတာပါပဲ။'

"သခင်ချန်းဆွေ့၊ နန်းတွင်းပြန်ဖို့အချိန်ကျပါပြီခင်ဗျာ၊ အရှင်မင်းကြီး စောင့်နေပါတယ်"

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now