Chapter 25

279 28 0
                                    


Part 25 — မကောင်းတာတွေ တတ်နေပြီ။

မြို့စားမင်းယွဲ့အိမ်တော်၌ အညိုပုပ်ရောင် မြင်းလှည်းတစ်စီးက ဘေးတံခါးရှေ့တွင် ဖြည်းဖြည်းချင်းထိုးရပ်လာသည်။ မြင်းလှည်းသမားက အထဲသို့ ခေါ်လိုက်သည်။

“ရောက်ပါပြီ သခင်လေး”

အပြာရောင်ခန်းဆီး ပွင့်ဟလာပြီး မော့ဟွိုင်ရွှမ်းသည် မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ ဘေးခြံဝန်းဆီ တည့်တည့်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် သူ အစေခံများ၊ အစေခံမိန်းကလေးများအများအပြားနှင့် တွေ့၏။ သူ့အား နှုတ်ဆက်ကြသည်များမှာ မော့ဟွိုင်အန်းကို နှုတ်ဆက်သလောက် ဂရုတစိုက်မရှိကြသည့်တိုင် အနည်းငယ် လေးစားသမှု ပါသေးသည်။

ဤကိုယ်လုပ်တော်မှမွေးသောသခင်လေးသည် မိသားစုထဲ သိပ်မျက်နှာသာမရသော်ငြား အပြင်တွင်တော့ အတော်လေး အရည်အချင်းရှိသည်။ ပထမအနေဖြင့် သူသည် ထိုက်အန်းကျောင်းတော်သို့ ဝင်ခွင့်ရခဲ့ပြီး မြို့စားမင်းအိမ်တော်သည်လည်း အလွန်မျက်နှာပွင့်လာခဲ့သည်။ ထို့နောက်တွင် သူက အိမ်ရှေ့စံ၏ စာဖတ်ဖော်ဖြစ်လာကာ ပဉ္စမမင်းသားနှင့်လည်း ရင်းနှီးသေးသည်။ ပဉ္စမမင်းသားသည် သခင်လေး၏ အသက်ကယ်တင်ပေးခဲ့သောကျေးဇူးကြောင့် ဧကရာဇ်ထံမှ သတိပြုခံလာရကာ ဧကရာဇ်၏ သဘောကျမှုခံလာရပြီဖြစ်သည်။ မော့ဟွိုင်ရွှမ်းသည် အနာဂတ်တွင် သေချာပေါက် အောင်မြင်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ 

သူ့အောင်မြင်မှုက သူ့အမေ၏ဘဝကို ပိုလွယ်ကူသက်သာစေအောင် လုပ်ပေးလိမ့်မည်။

သူ့အမေ သခင်မချင်သည် မြို့စားမင်းယွဲ့၏ ကိုယ်လုပ်တော်ဖြစ်သည်။ သူမက အလွန်လှပပြီး တစ်ချိန်က မင်းနေပြည်တော်ရှိ နာမည်ကြီးကချေသည် ဖြစ်ခဲ့သည်။ သူမ၏ သက်တံ့ရောင်ဝတ်ရုံဖြင့် ဆန်းပြားသည့်အကသည် မင်းညီမင်းသားများ၊ မှူးမတ်အရာရှိများနှင့် သခင်လေးများစွာကို ဆွဲဆောင်ခဲ့ပေသည်။ မြို့စားမင်းယွဲ့သည် သူမကို တစ်ကြိမ်တွေ့မြင်မိပြီးနောက် စွဲလန်းသွားရကာ တက်နိုင်သမျှနည်းအကုန်သုံး၍ သူမကို အိမ်ထဲခေါ်သွင်းခဲ့လေသည်။ သူက နှစ်အနည်းငယ်မျှ သူမကို သိပ်ချစ်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အသစ်တစ်ယောက် ရောက်လာ‌သောအခါ အဟောင်းကို မေ့သွားခဲ့သည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now