Part 22 — ကိန်းကြီးခမ်းကြီး။ဒရယ်ဖြူများသည် ရှားပါးပြီး သုန်းယိတောင်၏ သစ်တောနု လတ်လတ်ဆတ်ဆတ်များ၌ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ သူမက ကံကောင်း၍သာ တစ်ကောင်ရခဲ့ခြင်းဖြစ်ပြီး မစောင့်နိုင်စွာဘဲ လုလင်ဆီသွားကာ ရတနာကို သွားဆက်သလေသည်။ သူမက အမျိုးသမီးငယ်လေးများ၏ သွန်သင်ဆုံးမခံရမှုများကိုပင် လုံးဝမေ့သွားခြင်းအရ ပျော်လွန်း၍ အသိစိတ်လွတ်သွားသည်ကို မြင်နိုင်ပေသည်။
ဒရယ်ဖြူကို တင်တောင်းပစ္စည်းအဖြစ် ပေးအပ်ခြင်းသည် ထိုခေတ်ထိုအခါက စိတ်ရင်းကိုပြသနိုင်သည့်အမြင့်ဆုံးအဆင့်ဟု လူတို့က သတ်မှတ်ကြသည်။
ကုချန်း၏ တိုပြတ်ပြတ်စကားတစ်ခွန်းသည် တကယ်တမ်းမှာ အတော်ပင် အရာရောက်သည်။
သို့သော် ဘယ်သူကမှ သူ့စကားများကို အတည်မယူကြရုံသာ။ သူ့အသက်ငယ်သေးသည်ကို မဆိုထားနှင့်၊ နှစ်ယောက်စလုံးက ယောင်္ကျားလေးများ ဖြစ်သည်နှင့်တင် ဘာအခြားအတွေးမှ ပေါ်မလာနိုင်ပါချေ။ သာ့ချိုးတွင် အမျိုးသားဇနီးသည်များက အရှေ့တွင် သာဓကမရှိသည်မဟုတ်၊ အရေအတွက်နည်းရုံသာဖြစ်သည်။ မည်သို့ဆိုစေ ဟန်တရုတ်လူမျိုးများက မျိုးရိုးဆက်ခံရန် နောက်ဖွားသားမြေးများကို အားကိုးကြ၍သာ။ ဇနီးယူ ကလေးမွေးခြင်းကို စွန့်လွှတ်ပြီး လိင်တူကို လက်ထပ်ထိမ်းမြားရန် ဆန္ဒရှိသူမှာ အနည်းငယ်သာ ရှိပေသည်။
သို့သော် ဤစကားကို ပြောလာသူက အိမ်ရှေ့စံအရှင့်သားဖြစ်ပြီး ထို့အပြင် ယဲ့မိသားစု၏ အချစ်တုံးကလေးလေးသည်လည်း ယခင်က သူနှင့် ထိမ်းမြားကတိ ရှိထားဖူးသည်။ ထိုအဖြစ်အပျက်က လွန်ခဲ့သည့် ၃ နှစ်က ဖြစ်ပြီး ယခု အဖြစ်ဟောင်းများကို ပြန်လှန်ပြောဖို့ရာက အနည်းငယ်ရှက်ဖို့ကောင်းပေသည်။
သည်ရက်ပိုင်းအတွင်း မကြာခဏ နှင်းကျပြီး အေးစိမ့်လို့နေသည်။ အခန်းထဲတွင် မီးဖို ဖိုထားပြီး အမွှေးနံ့ထွန်းရာပလ္လင်မှ အဖြူရောင်အပြာရောင်မီးခိုးများ စိမ့်ထွက်နေသည်။ ကလေးလေးမှာ အဖြူရောင် ယုန်သားမွေးဝတ်ရုံနှင့် ထုပ်ပတ်ထားခံရပြီး သူ့ပြီးပြည့်စုံသည့်မျက်နှာလေးက အအေးဒဏ်ကြောင့် အနည်းငယ်နီမြန်းနေသည်။ အနမ်းခံချင်သည့်ပုံ ပေါ်နေ၏။
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation