Chapter 5

350 46 3
                                    




Part 5 —တအားကြမ်းတမ်းတယ်နော်။
နောက်တစ်နေ့မနက်တွင် ယဲ့ချုံကျင်မှာ မနိုးလာဘဲ နေ့လယ်အထိ အိပ်နေသဖြင့် သခင်မအန်းမှာ ထိတ်လန့်သွားရသည်။ သူမသားလေးက မနေ့ညတည်းက စောစောအိပ်ပျော်သွားသော်လည်း နောက်ကျသည်အထိ မနိုးလာသဖြင့် တစ်ခုခုများ ဝင်ရောက်ပူးကပ်နေသလားဟု သူမ စဉ်းစားမိရသည်။

သူမက စာတတ်ပေတတ်ဖြစ်ကာ ဗဟုသုတ ကြွယ်ဝသော်လည်း ငယ်စဉ်ကတည်း ဗုဒ္ဓဘာသာဝင်ဖြစ်သူ သူမအမေထံမှ သင်ကြားပေးခံခဲ့ရသဖြင့် သူမက သဘာဝလွန်ကိစ္စများကို ချွင်းချက်မရှိ ယုံကြည်လေသည်။

သို့သော် ယဲ့မိသားစုရဲ့ သခင်ကြီးက လူဖြောင့်လူမှန်ကြီးဖြစ်ကာ အယူသီးခြင်းကို မုန်းသည်။ သခင်မအန်းမှာ နဂိုထဲက သခင်ကြီးထံမှ ငြိုငြင်ခြင်းခံရသဖြင့် အဘယ်မှာ ဆူဆူပူပူ လုပ်ရဲမှာလဲ။ သူမက တိတ်တိတ်လေးသာ အဘွားအန်းအား ဘုရားကျောင်းသို့သွားကာ ငြိမ်းချမ်းရေးအဆောင် သွားယူခိုင်းပြီး အားကျင်ရဲ့ ခေါင်းအုံးထဲ တိတ်တဆိတ်ထည့်ထားရန် စီစဉ်ထားသည်။

ငြိမ်းချမ်းရေးအဆောင် သွားယူသူ ပြန်မရောက်လာခင် ယဲ့ချုံကျင် နိုးလာသည်။ သူ မနေ့ညက အိပ်မပျော်ခဲ့ဘဲ အရုဏ်တက်ချိန်မှသာ အိပ်ပျော်သွားသဖြင့် သူ အိပ်ရေးမဝပေ။ သူ သမ်းဝေကာ ခပ်ဖွဖွလေး ခေါ်လိုက်သည်။

"ကောင်းသောမနက်ပါ မေမေ"

သခင်မအန်းမှာ ပို၍ပင် စိတ်ပူပြီး ပြောလိုက်သည်။

"နေ့လယ်တောင်ရောက်တော့မယ်လေ၊ ဘယ်နားကမနက်လဲ၊အရင်တုန်းက သားဒီလောက်အိပ်တာ မမြင်ဖူးပါဘူး၊ ခန္ဓာကိုယ် တစ်ခုခုမူမမှန်တာရှိလို့လားဟင်"

ယဲ့ချုံကျင် ခဏလောက် စဉ်းစားလိုက်ပြီးနောက် နားလည်သွားပြီး ခေါင်းယမ်းလိုက်ကာ ပြောသည်။

"မနေ့ညက ခြင်တွေ နားနားမှာ လာဝဲနေတာနဲ့ အားကျင် အိပ်မပျော်လို့၊ ခုနစ်ဆင့်သော့တုံးလေးနဲ့ ဆော့နေတာပါ"

သခင်မအန်း စိတ်အေးသွားရပြီးနောက် တစ်ဖက်လှည့်ကာ အစေခံမိန်းကလေးကို အခန်းထဲခေါ်လိုက်သည်။ အ‌စေခံမိန်းကလေး ရောက်လာသောအခါ သူမ မေးလိုက်သည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now