Chapter 3

376 46 0
                                    



Part 3 — ကောက်မွေးစားထားတာ။
ယဲ့ချုံကျင်ရဲ့ ခြံဝန်းကို ဖူနင်ခြံဝန်းဟု ခေါ်တွင်သည်။ သူ့မိသားစုရဲ့ သူ့အပေါ်ထားသော အသက်ရှည် ပျော်ရွှင်ချမ်းသာစေရန် ဆန္ဒကို ဖော်ပြသည်။ ၎င်းက လူမမာ ရောဂါကုသသည့်ခြံဝန်း ဖြစ်သောကြောင့် သာမန်နေ့များတွင် ငှက်များမြည်တွန်သံပင် ကြားရဖို့ခက်ကာ အလွန်တိတ်ဆိတ်လေသည်။

သို့သော် ယနေ့ကတော့ အနည်းငယ်ထူးခြားသည်။

ယဲ့ချုံဟွေးမှာ သူ့ညီလေးရဲ့ခြံဝန်းထဲမှ မောင်းထုတ်ခံလိုက်ရသည်။ သူ့အနောက်ကနေ ကြွေနှင့်ကျောက်စိမ်းတို့ ထိခတ်ပြုတ်ကျသွားသံများ ကြားလိုက်ရ‌သည်။ ကြည့်ရသည်မှာသူ့ကို အမေပေးထားသော ကိုးဆင့်ကွင်းပင် ဖြစ်လောက်သည်။ ကျောက်စိမ်းရဲ့ ဗီဇကိုက နွေးထွေးသဖြင့် ၎င်းနှင့်ဆော့ကစားခြင်းက ကျန်းမာရေးအတွက်ကောင်းသည်ဟု သူကြားဖူးသည်။ သို့သော် သူ ပစ္စည်းကို ဂရုမစိုက်ပါ၊ ထိုကိစ္စအတွက်ကြောင့်နှင့် အားကျင် စိတ်ဆိုးပြီး ခန္ဓာကိုယ်ထိခိုက်သွားမှာကိုသာ သူစိတ်ပူသည်။

သူ ပြတင်းပေါက်ဆီသွားပြီး ခန္ဓာကိုယ်ကို မှီကာ အခန်းထဲသို့ ချောင်းကြည့်လိုက်သည်။ သို့သော် ခုံပေါ်ရှိ ကလေးပေါက်စလေးက သူ့ကို မိသွား‌ချေသည်။

အနီရောင်ကလေးအတွင်းခံလေး ဝတ်ထားသော တုတ်တုတ်တစ်တစ် ကြွေရုပ်ကလေးက နက်ရွှန်းသည့် မျက်လုံးရွဲများဖြင့် သူ့ကို ဒေါသတကြီး စိုက်ကြည့်လာသည်။ ယဲ့ချုံဟွေးရဲ့ ခုနက အပြစ်ရှိစိတ်မှာ ချက်ချင်းပျောက်ကွယ်သွားပြီး သူ ရယ်ချင်သလိုသာခံစားရတော့လေသည်။

သူ အခန်းထဲသို့ အော်ပြောလိုက်သည်။

"အားကျင် ကိုကို့ကို စိတ်မဆိုးပါနဲ့၊ ကိုကို မနက်ဖြန် စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားစရာလေးတွေ ရှာလာပေးမယ်၊ စောင့်နေနော်"

ယဲ့ချုံကျင်က နှုတ်ခမ်းကိုက်ကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်လှည့်သွားပြီး အဘွားအန်းကို ဆော်ဩလိုက်သည်။

"ဘွားဘွား၊ ပြတင်းပေါက်ပိတ်လိုက်ပါ"

အဘွားအန်းက ယဲ့ချုံဟွေးအား ဖယ်လိုက်ပြီးနောက် လက်လှမ်းကာ ပြတင်းပေါက်ပိတ်လိုက်လေသည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now