Chapter 37

313 52 0
                                    


Part 37 — ထပ်ခိုးခန်းတွင် ရင်ဆိုင်တွေ့ခြင်း။
Duan Fei Lin (段飞林)June 05, 2024

ယခင်ဧကရာဇ်ဟောင်းသည် နဂိုက ယခင်မင်းဆက်၏ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရှင်ဘုရင်၏ အစွမ်းအစမရှိမှုနှင့် ကောက်ကျစ်သော မှူးမတ်များက တိုင်းပြည်အုပ်ချုပ်ရေးကို ထိန်းချုပ်ထားမှုတို့ကြောင့် ပြည်သူများမှာ သေရေးရှင်ရေးအ‌ခြေအနေသို့ ရောက်လာကြရသည်။ ထိုအခါ သူက သူ့လူယုံများ၏ အကြံပေးမှုတို့ကြောင့် ဧကရာဇ်နေရာ အစားဝင်ယူခဲ့လေသည်။ 

သူက ယခင်မင်းဆက်ကို ပုန်ကန်ခဲ့သဖြင့် သဘာဝအလျောက်ပင် အခြားသူများက သူ့အားပုန်ကန်လာမည်ကိုလည်း ကြောက်ရွံ့သည်။ ထို့ကြောင့် သူနန်းတက်လာပြီးသောအခါတွင် အရပ်ဖက်မှူးမတ်မင်းမှုထမ်းများကိုသာ သုံးနေခဲ့သည်။ 

ဆယ်စုနှစ်များ ကျော်လွန်ပြီးသွားသောအခါတွင် မင်းမြို့တော်၌ ကဗျာတစ်ကြောင်းနှစ်ကြောင်း စပ်ဆိုနိုင်ကာ အလ်ကာတစ်ပုဒ်နှစ်ပုဒ် ပြောတတ်သော သခင်လေးများ အများအပြား ရှိလာကြသည်။ ဧည့်ခံစားသောက်ပွဲများတိုင်းတွင် သူတို့အရည်အချင်းကို ထုတ်ဖော်ပြသကြသည့် စာပေသမားများ မရှားပါချေ။  

မင်းသားအိမ်တော်ရှိ ဧည့်ခံပွဲတွင် ပိုလို့တောင်မရှားသေးသည်။ မင်းနေပြည်တော်တွင် မရေမတွက်နိုင်သော စာသင်သားများနှင့် စာပေသမားများ ရှိကြကာ သူတို့လိုနေသည်မှာ အခွင့်အရေးသာ ဖြစ်သည်။ ရှန့်မင်းသားသည် တစ်လောကလုံးအနှံ့၌ မိတ်ဆွေအသိအကျွမ်းများရှိ၏။ သူသည် မျက်နှာရရန်အတွက် သူ အမတ်ချုပ်ယဲ့အား ဖိတ်ထားသည်ဟု အပြင်ကို ပြောထားသည်။ လူဘယ်နှယောက်တောင် စုဝေးလာကြမလဲ ခန့်မှန်းလို့ရပေသည်။ 

ရှန့်မင်းသားကမူ ဒီမင်းသားက ဖိတ်ထားပေမယ့် လာမလာကတော့ ဒီမင်းသား ထိန်းချုပ်နိုင်တာမဟုတ်ဘူးဟု တွေးလေသည်။ 

ယဲ့ယန်ပိုင်အား သိကြသူတိုင်းသည် ထိုလူက တသီးတခြားနေတတ်ကာ စိတ်ဓာတ်ခိုင်မာမှန်း သိထားကြသည်။ သူက ညီလာခံရှိ မှူးမတ်များနှင့် အဆက်အဆံလုပ်ခဲသည်။ သည်လိုပွဲလမ်းသဘင်မျိုးကို သူ သေချာပေါက် လာချင်မည်မဟုတ်ပေ။ သို့သော် မသိကြသော အပြင်လူများကမူ အားနှင့်အင်နှင့် မင်းသားအိမ်တော်သို့ ရောက်လာကြတော့သည်။ အမတ်ချုပ်ယဲ့ရှေ့တွင် မျက်နှာပြနိုင်ပါလျှင် အနာဂတ်၌ အခွင့်အလမ်း ပိုများများ ရနိုင်ပေလိမ့်မည်။ 

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now