Chapter 14

289 33 0
                                    


Part 14 — နန်းတွင်းဧည့်ခံပွဲ (၁)

မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ဆောင်းဦးလယ်ပွဲတော် ရောက်ရှိလို့လာသည်။ သည်နှစ်က ယခင်နှစ်များကနှင့် ခြားနားပေသည်။ ဧကရာဇ်ချင့်ကျုံးသည် နန်းတွင်းတွင် ညစာဧည့်ခံပွဲ ကျင်းပမည်ဖြစ်သည်။ မင်းနေပြည်တော်ရှိ ဂုဏ်သတင်းအနည်းငယ်သာရှိသော မင်းမှုထမ်းများမှအစ ဖိတ်ကြားခံရသည်။ ညမမှောင်သေးသော်လည်း နန်းဆောင်များတွင် ရောင်စုံမီးပုံးများ အလှချိတ်ဆွဲထားပြီးကြပြီဖြစ်ကာ နန်းတွင်းရှိအစေခံများမှာလည်း နန်းတွင်းဧည့်ခံပွဲအတွက် ပြင်ဆင်ရန်း အလုပ်များလို့နေကြသည်။ 

ယဲ့ယန်ပိုင်သည် ညီလာခံအတွင်းရှိ အရေးပါသောမှူးမတ်တစ်ယောက်ဖြစ်၍ ယဲ့မိသားစုသည် ပထမဆုံးရောက်လာကြသူများဖြစ်သည်မှာ သဘာဝပင်။ သို့မဟုတ်ပါက ဧကရာဇ်ချင့်ကျုံးက ‘အမတ်မင်းယဲ့ ဘယ်မလဲ’ ဟု မေးလာသောအခါ ယဲ့ယန်ပိုင်မှနေ၍ ‘ကျွန်တော်မျိုးရှိပါတယ်’ဟု အချိန်မှီ ပြန်မဖြေနိုင်လျှင် ၎င်းက အသက်ပျောက်မည့်ကိစ္စဖြစ်ပေသည်။ မည်သည့်ဧကရာဇ်ကမှ မျက်နှာမရမည့်အဖြစ်ကို သဘောမကျကြပေ၊ အထူးသဖြင့် ဧကရာဇ်ချင့်ကျုံးပင်ဖြစ်သည်။ 

ဧည့်ခံပွဲသည် ဝမ့်ရှန့်နန်းဆောင်၌ ကျင်းပမည်ဖြစ်ပြီး စောရောက်လာကြသော အရာရှိများနှင့် မိသားစုဝင်များကို ‌အရံခန်းမတစ်ခု၌ အနားယူရန် စီစဉ်ပေးထားသည်။ ယဲ့ယန်ပိုင်က သူ့သားနှစ်ယောက်ကိုခေါ်၍ လက်ဖက်ရည်ကြမ်းသောက်ရန် အရံခန်းမသို့ ဝင်သွားပြီး သခင်မအန်းကမူ တစ်ယောက်တည်း မောင်းမဆောင်သို့ သွားလေသည်။

အန်းမျိုးနွယ်အရံမိသားစုတစ်စုမှ သိပ်မဆိုးလှစွာ မွေးဖွားလာသည့် ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က မောင်းမဆောင်သို့ တော်ကောက်ခံခဲ့ရပြီး ယခု ဧကရာဇ်၏ ကိုယ်လုပ်တော်အန်း ဖြစ်နေပြီဖြစ်သည်။ သူမက သဘောကျမခံရသော်လည်း ဧကရာဇ်ရှေ့တွင် အနည်းငယ်မျက်နှာရသေးသည်။ သခင်မအန်းသည် မိမိအမေ၏ တောင်းဆိုမှုကြောင့် လမ်းကြုံ သူမဆီ သတင်းဝင်မေးခြင်းဖြစ်သည်၊ မိမိတို့ မိသားစုကြားက သံယောဇဉ်ကို ပြသရာလည်း ရောက်ပေသည်။

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now