Chapter 2

406 47 0
                                    



Part 2 — ယဲ့ချုံကျင်
ရနံ့မွှေးသစ်ဖြင့် ထွင်းထုထားသော ပြတင်းပေါက်များက မဆိုစလောက် ပွင့်ဟလို့နေရာမှ လေပြေညှင်းများ ဝင်ရောက်လာပြီး ကြာပန်းနံ့များက နှာဖျားဝသို့ ရောက်ရှိလာသည်။

ကျောက်စိမ်းမှ ထွင်းထုထားသလို ပန်းရောင်သမ်းနေသည့် ကလေးလေးတစ်ယောက်ဟာ ခုံပေါ်ထိုင်နေခဲ့သည်။ ကလေးလေးက တစ်နှစ်နှစ်နှစ်မျှသာ ရှိသေးပြီး နှင်းဘရိုကိတ်နှင့်ဖဲသားတို့ဖြင့် ပြုလုပ်ထားသော အနီရောင်ရဲရဲ ကလေးဝတ်အတွင်းခံလေးကို ဝတ်ဆင်ထားသည်။ သူရဲ့ ကြာစွယ်လို ကျောက်စိမ်းဖြူရောင် ခြေထောက်လေးနှစ်ဖက်က ခပ်ဖွဖွ ကန်ကျောက်နေသည်။ သူ့ခြေထောက်လေးများက ခုံခြေရင်းရှိ ပန်းဖွားမြိတ်များကို ပွသွားအောင် ကန်နေသည်မှာ အနည်းငယ် ဂနာမငြိမ်နေပုံပေါ်သည်။

အဘွားအန်းသည် လက်ထဲတွင် နန်မုသစ်သားဇွန်းတစ်ချောင်းကို ကိုင်ထားရင်း အညိုနက်ရောင် ဆေးရည်ကို တစ်ဇွန်းခပ်လိုက်ပြီး ဇွန်းကို ဂရုတစိုက် ကလေးလေးရဲ့ နှုတ်ခမ်းများရှေ့ တေ့လိုက်ကာ ချော့မော့ပြောလေသည်။

"မက်မွန်ပန်းဝတ်ရည် ထည့်ထားပြီးပါပြီ၊ သခင်လေး မြည်းကြည့်ပါဦးရှင်၊ မကြိုက်ဘူးဆိုရင် ဘွားဘွား နောက်နည်းလမ်းတစ်မျိုး ရှာလိုက်ပါ့မယ်"

ကလေးလေးက ခေါင်းငုံ့လိုက်ပြီး သူ့နှာခေါင်းသေးသေးလေးက ရှုံ့ပွပွ ဖြစ်သွားသည်မှာ ဆေးကိုအနံ့ခံနေတာ သိသာသည်။ သို့သော် ဆေးနံ့ကို မက်မွန်ပန်းဝတ်ရည် တစ်ဇွန်းလောက်နှင့် ဖိနှိပ်လို့မရချေ။ ရှိသင့်သလောက်အနံ့ကတော့ ရှိနေတုန်းသာဖြစ်သည်။ ကလေးလေးက မျက်မှောင်ကြုတ်ကာ ခေါင်းသေးသေးလေးကိုယမ်းလျက် သောက်ဖို့ငြင်းဆန်သည်။

အဘွားအန်းက သဘောကောင်းစွာဖြင့် အကြံပြုလိုက်သည်။

"ဆိုရိုးစကားအတိုင်း ဆေးကောင်းတွေက အဝင်ခါးပေမယ့် ရောဂါပျောက်ပါတယ်တဲ့၊ ဆေးက ခါးပေမယ့် ရောဂါ ပျောက်အောင်ကုပေးနိုင်ပါတယ် "

"သခင်လေး စောစောလေး နေပြန်ကောင်းလာပြီး ခြံဝန်းထဲ ဆင်းမကစားချင်ဘူးလား"

အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်Where stories live. Discover now