Ep 14 (uni)

33.8K 1.4K 91
                                    

"အရမ်းကြီးပြင်မပေး‌နဲ့နော် ဟေမာန်... ပါးပါးလေးပဲလိမ်းပေး"

"အင်းပါ လပြည့်ရဲ့... မိတ်ကပ်လိမ်းထားမှန်းမသိသာအောင်ပြင်ပေးမယ် ပါးပါးလေးနဲ့ တလဲ့လဲ့ဖြစ်နေစေရမယ်"

ဟေမာန့်အပြောကြောင့် လပြည့်ပြုံးလိုက်မိ၏။ ဒီနေ့ အစ်ဏ္ဌကို့သူငယ်ချင်းမွေးနေ့ပွဲသွားရမှာဆိုလို့ ဟေမာန်ကလပြည့်ကိုမိတ်ကပ်ပြင်ပေးနေတာဖြစ်သည်။ ပြီးတော့ လပြည့်ကိုပြင်ပေးတဲ့တစ်ဆင့်ချင်းစီကို video လည်းရိုက်ထားသေးသည်။ ပြီးရင် လိုင်းပေါ်ပြန်တင်မလို့ဆိုလား....ဟေမာန်က မိတ်ကပ်ပြင်တဲ့ tutorial လေးတွေလိုင်းပေါ်မကြာခဏတင်လေ့ရှိပြီး followerလည်း အတော်များများရှိနေပြီဖြစ်သည်။ လပြည့်ကတော့ Facebook ကြည့်ရတာဝါသနာမပါသလို ပုံတွေဘာတွေလည်းမတင်ချင်။

"မအိမ့်မှူးကို သတိထားနော်... လပြည့်ပြောပုံအရဆို
အရင်နေ့ကလည်း ကိုကြီးဆီပုံပို့တာ အဲ့အစ်မပဲနေမှာ...ဘာမှမဟုတ်တာလေးကို ပုံလှမ်းပို့ကတည်းက
အဲ့အစ်မကိုအမြင်မကြည်တော့တာ... မတည့်ပါဘူး! ကိုကြီးသူငယ်ချင်းမို့သာငြိမ်နေရတာ တခြားသူဆို သွား‌ကိုပြောပစ်တယ်"

"ဘာမှမဖြစ်ပါဘူး ဟေမာန်ကလည်း... လပြည့်တို့လည်း အဲ့ဒီနေ့ကပြဿနာကြီးကြီးမားမားမဖြစ်ပဲ အဆင်ပြေသွားတာပဲဟာ"

"အဟွန်း... အဆင်ကအပြေလွန်ပြီး ကျောင်းမှာတောင် နာမည်ကြီးနေပြီမို့လား"

"ဟေမာန်ကလည်း...."

ဟေမာန်ပြောတော့ ပါးမို့မို့လေးကအနည်းငယ်အရောင်ပြောင်းသွားကာ ရှက်ပြုံးလေးပြုံး‌နေလေ၏။ တကယ်ပါပဲ ကိုကြီး ကဲကဲသဲသဲဖြစ်နေတာလည်းမပြောနဲ့ လပြည့်လေးကိုက ချစ်ချင်စရာလေးဖြစ်နေတာကိုး။ ဟေမာန်ကတော့ ကိုကြီး လပြည့်နဲ့အိမ်ထောင်ကျတာပဲ၀မ်းသာတယ်။ သူငယ်ချင်းပေါင်းလည်းပေါင်းရသလို ဆရာဘာညာလုပ်ပြီး ပြိုင်ဆိုင်ချင်နေတာမျိုးလည်းမရှိဘူး။ တကယ်စိတ်ထားကောင်းတဲ့သူလေးမို့ ကိုကြီးမပြောနဲ့ ဟေမာန်တောင်ချစ်တယ်။

"ကဲ ပြီးပြီ... ကြည့်လိုက်"

"ဟေမာန်ကတော်လိုက်တာ... မိတ်ကပ်လိမ်းထားမှန်းတောင်မသိသာဘူး ပါးပါးကြည်ကြည်လေး... လပြည့်ကြိုက်တယ်"

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now