အပိုင်း ( ၁ )

714 47 5
                                    

ကျောင်းထဲဝင်လိုက်သည်နှင့် ယောက်ျား မိန်းမ ပုရိသ ပေါင်းစုံ လည်ပြန်ငေးကြည့်နေရတဲ့ ကျတော့်ကိုယ်ကျတော် ဂုဏ်ယူတယ် ။

ရုပ်ချောခြင်းဆိုတဲ့ ပါရမီက လူတိုင်း မရနိုင်ဘူးလေ ။ ဟင်းဟင်း

ထိုစဉ်
" သားရေ ပတ်ဂျီမင်း ၊ ထတော့ သား ၊ဂျီမင်းရေ..!!!

အိပ်ချင်မူးတူးလေးဖြင့် မျက်လုံးလေးပွတ်ကာနိုးလာပြီး

* ဟင်! အော် ..ငါ အိမ်မက် မက်နေတာပဲ*

" ဟုတ် မေမေ သားနိုးပြီ !!! "

ရေချိုးခန်းထဲတွင် ရေချိုးနေရင်း အိမ်မက်အကြောင်းတွေးမိပြီး ပြုံးမိသည် ။
ဒါဟာဘယ်တော့မှဖြစ်မလာနိုင်တဲ့ အိမ်မက်ပဲ။

အချိန်နဲနဲ ကြာတော့ ရေမိုးချိုး ကျောင်းဝတ်စုံလေးဝတ်ကာ မီးဖိုချောင်လေးထဲ သွားလိုက်သည် ။ ချက်ပြုတ်နေတဲ့ မေမေ့ ကျောပြင်လေးကို ပြေးဖက်လိုက်ပြီး

" မေမေ ဘာတွေ ချက်နေတာလဲဟင် "

" မေ့မေ့သားလေးအကြိုက် ကင်မ်ချီထမင်းကြော်လေးပါရှင့် ၊ ကဲ သုံးဆောင်လို့ရပါပြီ..."

" ရေးးးးးးးး "

မေမေ ကြော်ကျွေးတဲ့ ကင်မ်ချီထမင်းကြော်ကို အားရပါးရစားပြီး မေမေ့ကို နှုတ်ဆက်ကာ မေမေမွေးနေ့လက်ဆောင် ဝယ်ပေးထားတဲ့ စက်ဘီးလေး ဖြင့် ကျောင်းသို့ထွက်လာလိုက်သည် ။

........................................................................

အထက်တန်းကျောင်းသားလေး ပတ်ခ်ဂျီမင်း ဟာဆိုရင် ပြည့်"ဖောင်း" ဖြူ"ဖွေး"လေးနဲ့ နှုတ်ခမ်းထော်ပြီး မျက်မှန်အထူကြီး တပ်ထားတဲ့ ရုပ်ဆိုး" ကျောင်းသားလေးတစ်ယောက်ပါ ။

ဒါပေမဲ့ သူ့ မေမေ အမြဲပြောတာတော့
" သားဂျီလေးက မေ့မေ့ ဘဝရဲ့နတ်သားလေးပါ" တဲ့လေ ။

ကျောင်းသို့ရောက်သော် စက်ဘီးထားရာနေရာ ရပ်ထားခဲ့လိုက်ပြီး အတန်းထဲသို့ ဝင်လာလိုက်သည် ။
ဒီနေ့မှ အထက်တန်း ဒုတိယနှစ် တက်ရတာ တပတ်ပဲရှိသေးတယ်လေ ။

ဂျီမင်းအတန်းထဲသို့ ရောက်သော် နောက်ဆုံးရဲ့ အရှေ့တန်းမှာ ဝင်ထိုင်လိုက်ပြီး စာအုပ်ထုတ်ကာ ကျက်စရာရှိတဲ့စာလေးတွေ ကျက်နေလိုက်သည် ။

ရုပ်ဆိုးကောင် Where stories live. Discover now