အပိုင်း ( ၅ )

1.9K 107 6
                                        


JM * ဆိုရာနဲ့ ‌ဂျောင်ကုက တူတူပဲ ။ နှစ်ယောက်လုံးကို မုန်းတယ် ဟင့် *

အခန်းထဲတွင် ခိုးငိုနေတဲ့ သားလေးကို သူမ ကြည့်မိပါသည် ။

Jin " သားဂျီလေး~"

JM " မေမေ ၊ ဟင့် မေမေ အီးဟီး "

ဂျီမင်း မေမေ့ခေါ်သံကြားတဲ့အခါ မေမေ့ကို အတင်းဖက်ထားပြီး ငိုမိသည် ။ ဂျီလေးဟာ တော်ရုံ သူ့အရှေ့မှာ ငိုတတ်သည့်ကလေးမဟုတ်ပါ ။ အခုလို ငိုကြီးချက်မ ဖြစ်နေတဲ့အခါ သူမရဲ့ ရင်တွေ နာရပါသည် ။

Jin " မေမေ့သားလေးရယ် ၊ ဘာများဖြစ်နေလို့ ငိုတာလဲ မေမေ့ကိုပြောပါအုံးကွယ် "

JM " မေမေ ဟင့် သားက ဘာလို့ ရုပ်ဆိုးနေရတာလဲဟင် အီးဟီး "

Jin " မေမေ့သားလေးက ရုပ်မဆိုးပါဘူးကွယ် ၊ မေမေ့သားလေးက ဒီလောက်ချစ်ဖို့ကောင်းတာကို "

JM " တကယ်လားဟင် မေမေ ဟင့် "

Jin " တကယ်ပေါ့ ၊ မေမေ့သားလေးက ဒီကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးပဲ "

သူမလဲ သူမရဲ့ သားငယ်လေးကို ချော့မော့ပြီး သိပ်ခဲ့ကာ အခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည် ။

........................................................................

ဒီနေ့မိုးတွေအရမ်းရွာနေသည် ။ ဂျီမင်း မိုးရာသီကို အရမ်းမုန်းပါသည် ။ နေရာတိုင်း ဘွက်တွေ ရွံ့‌အိုင်တွေနဲ့ ကျောင်းဘောင်းဘီတွေဆိုလဲစိုရွဲရသည် ။

ကျောင်းသွားတဲ့လမ်းတွင် မိုးရေထဲ ပြေးနေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည် ။ ထိုကောင်လေးက သူတို့ကျောင်းဝတ်စုံနဲ့ဆင်တူ ဝတ်ထားသည် ။

JM "ဟေ့လူ ဟေ့လူ "

ထိုလူလှည့်ကြည့်လာသည် ။

JM "ကျောင်းတူတယ်မလား ၊ လာလေ ထီးတူတူဆောင်းသွားမယ် "

boy - " ကျေးဇူးပါဗျာ့ "

ထိုကောင်လေးနဲ့ ဂျီမင်း ထီးတစ်ချောင်းထဲ နှစ်ယောက် တူတူဆောင်းကာ ကျောင်းထဲဝင်လာခဲ့သည် ။

JM " ဘယ်အတန်းကို လိုက်ပို့ပေးရမလဲဟင် "
boy " အထက်တန်း တန်းခွဲ B. ပါ ။ "

ရုပ်ဆိုးကောင် Where stories live. Discover now