လူရယ်လို့ ဖြစ်တည်လာတာနဲ့အမျှ နှလုံးသားဆိုတာက ပါလာကြတာပဲလေ ။ နှလုံးသားနဲ့ ခံစားတတ်တယ် ၊ ချစ်တတ်တယ် ၊ မုန်းတတ်တယ် ။ ဒီနှလုံးသားနဲ့ ဆက်နွယ်မှု အားအကောင်းဆုံးက ဆေးပညာအရမဟုတ်ပဲ , ခံစားမှုအရ " စိတ် " ပဲ ။ချစ်မိတဲ့အခါ စိတ်က သူ့ဆီရောက်သွားတတ်သလို ၊ စွဲလမ်းစိတ်ဖြစ်တဲ့အခါ အကြင်သူကို နှလုံးသားက မက်မက်မောမော လိုချင်လာမှာပဲ ။ ဒါကို လောကကြီးက သတ်မှတ်ထားတဲ့ အရာလို့ ခေါ်တယ် ။
ဒါပေမဲ့လဲလေ ဒီနှလုံးသားရှိပြီး စိတ်ခံစားမှုမဲ့နေတာကရော ? နှလုံးသားရဲ့ ပိုင်ရှင်ကို ရှာမတွေ့သေးလို့လား ? မဟုတ်ရင် နှလုံးသားကို ပေးပစ်လိုက်ဖို့ ဦးနှောက်က ခွင့်မပြုတာလား ?
ထိုသူက " ငါမှ အချစ် မခံဖူးတာ ၊ အချစ်ကို ဘယ်ခံစားတတ်မလဲ ၊ ဒါငါ့အပြစ်လဲ မဟုတ်ဘူး ၊ ငါမချစ်ဖူးဘူး " တဲ့ ။
ဒါပေါ့ အချစ်မခံရဖူးတဲ့ လူက ဘယ်ချစ် တတ်ကြမလဲ။
" ဒါပေမဲ့ ဒါပေမဲ့ ငါသူ့ကိုတော့ အပိုင်လိုချင်တယ် ၊ သူ မလှရင်လဲ ရတယ် ၊ သူ ရုပ်ဆိုးနေလဲ ဖြစ်တယ် ၊ သူ မပြည့်စုံလဲ အဆင်ပြေတယ် ၊ အဓိက,က ငါသူ့ကို ပိုင်ချင်တယ် "
" မင်းပြန်လာရင် ငါ့အပိုင် လုပ်ပစ်မှာမို့ ၊ မင်းရှိနေတဲ့ နေရာကနေ အများကြီးပျော်ခဲ့ပါ ၊ ငါ ငါ မင်းကို အပိုင်သိမ်းပစ်တော့မှာ ၊ အဲ့လိုလုပ်မှ ဖြစ်မှာ မို့လို့ပါ ၊ ငါလိုချင်လို့ပါ "
ထိုသူကား ဂျောင်ကု ။ သူလိုချင်နေတဲ့ ဂျီမင်းကရော ? သူ့ကိုမချစ်တော့ရင် ၊ သူ့ကို သဘောမကျတော့ရင် ဘယ်လိုလုပ်မလဲ ?
" ရှောင်လွှဲလို့မရအောင် သိမ်းမှာ ၊ ငါမင်းကိုလိုချင်တယ် ရုပ်ဆိုးကောင် ၊ မင်းမချစ်တော့ရင်လဲ ငါဂရုမစိုက်ဘူး ၊ ဒီလိုမှမသိမ်းရင် မင်းက ထပ်ပြီး ထွက်သွားလိမ့်မယ် ၊ မောင့်အနားမှာပဲ ထားချင်လို့ပါ မောင့်ဂျီမင်းရယ် ၊ ဒါပေမဲ့ မောင် မင်းကို မချစ်ဘူး "
သူ့ကိုယ်သူ " မောင် " လို့ တင်စားလိုက်မိတာလား ? ငါမဂေးဘူးဆိုပြီး စိတ်ကြီးဝင်နေတဲ့သူကလေ ။
" ဟုတ်တယ် ၊ ရုပ်ဆိုးကောင်ဆီက "မောင်" လို့ခေါ်တာကို ခံချင်တယ်။ "
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...