အပိုင်း ( ၁၄ )

2K 89 18
                                        


ကန်တင်းကိုမလိုက်ချင်ပါဘူးဆို ထယ်ယောင်း အတင်းခေါ်လာလို့လိုက်ခဲ့ရသည် ။
ထယ်ယောင်းက ရုပ်လေးချောသလောက် အရမ်းလဲခင်ဖို့ကောင်းတဲ့သူငယ်ချင်းလေးပင် ။ တစ်ခါတစ်လေ ဇွတ်တရွတ်နိုင်တာလေးကလွဲရင်ပေါ့ ။

ထယ်ယောင်းခေါ်လာတဲ့အနောက် လိုက်လာပြီး ကန်တင်းတွင် ထိုင်မယ်အလုပ် ဂျောင်ကုနဲ့ ဆိုရာ တူတူထိုင်နေတာကိုတွေ့လိုက်ရသည်။

ပြုံးပျော်နေတဲ့ မောင့်ကို ကြည့်ကာ ဂျီမင်း သဝန်တိုလာပါသည် ။

ဂျီမင်းကြည့်နေတဲ့ ဘက်ကို ထယ်ယောင်း ကြည့်လိုက်ပြီး

V " ဟိုမှာ ဂျောင်ကုတို့ပဲ ၊ လာ ဂျီမင်း ၊ ဂျောင်ကုဆီသွားကြမယ် "

ဂျီမင်း လက်ကိုဆွဲကာ ဂျောင်ကုတို့ဝိုင်းဆီ ရောက်လာကြသည် ။

V " ဂျောင်ကု တစ်ယောက်တည်းလား ၊ ဟိုကောင် ယွန်းဂီရော "

JK " မသိဘူး "

ထယ်ယောင်းတို့လာထဲက ဂျီမင်းနဲ့ လက်ချင်းတွဲထားတာတွေ့ပါသည် ။ အခုထိကို လက်ကမဖြုတ်ကြသေးပေ။

ဂျောင်ကုလဲ ရွဲ့ချင်လာတာနဲ့ အရှေ့မှာ ထိုင်နေတဲ့ ဆိုရာ့လက်ကို ဆွဲကာ

JK " လာ အခန်းထဲပြန်ဝင်မယ် "

ဆိုရာလဲ ကြောင်တောင်တောင်ဖြစ်သွားကာ
Sora " အမ် ဟုတ် ၊ သွားမယ်လေ ဂျောင်ကု "

ထယ်ယောင်းလဲ ဘေးက ဂျီမင်း မျက်နှာကို ကြည့်လိုက်သည် ။ မျက်ရည်တွေဝဲနေကာ ခေါင်းကို ငုံ့ထားသည် ။

V " ဂျောင်ကု ဒီမှာဂျီမင်းရှိနေတယ်လေ ၊ ဂျီမင်းကိုလဲ ဂရုစိုက်မှပေါ့ "

JK " မလိုပါဘူး မင်းရှိနေတာပဲ ဂရုစိုက်လိုက်ပါအုံး , လာ ဆိုရာ "

ဆိုရာ့လက်ကို ဆွဲကာ ကန်တင်းက ထွက်သွားတဲ့ဂျောင်ကု ။

V " ဂျီမင်း "

JM " ဂျီ ဘာမှမဖြစ်ဘူး ထယ်ယောင်း "

ထယ်ယောင်းဘက်လှည့်ကာ အပြုံးတုလေးဖြင့်ပြုံးပြလိုက်သည် ။

JM " ထယ်ယောင်း ဒီနေ့တော့ ဂျီ သွားနှင့်မယ်နော် ၊ ထယ်ယောင်းတစ်ယောက်ထဲ ဖြစ်တယ်မလားဟင် "

ရုပ်ဆိုးကောင် Where stories live. Discover now