ခရီးလမ်းတစ်လျှောက် ကားပေါ်မှတဆင့် တွေ့ရတဲ့ လှပလွန်းတဲ့ သဘာဝတရားကြီးကို ငေးကြည့်ရင်း ပြုံးနေမိပါသည် ။JM * ငါလဲ သဘာဝတရားကြီးလို လှပချင်လိုက်တာ ၊ ဘယ်သူကရော ရုပ်ဆိုးတဲ့လူဖြစ်ချင်မှာလဲ ၊ ဘယ်သူကရော ကိုယ်ချစ်တဲ့သူက မုန်းတာခံချင်မှာလဲ ၊ အပြစ်မတင်ပါဘူးလေ ငါ ရုပ်ဆိုးလို့ဖြစ်တဲ့ ကိစ္စပဲ ဘယ်သူမှမမှားပါဘူး ၊ ငါ က သာ မတန်မရာ မှန်းမိတာ ကိုး *
JM * ထပ်ပြီး ယုန်လူဆိုးကို လွမ်းမိပြန်ပြီ ၊ ဟင့်အင်း ဂျီမင်း မင်း မေ့နိုင်အောင်ကြိုးစားရမယ် ဟုတ်တယ် *
ကားပေါ်မှာ တွေးနေမိရင်း ဘူဆန်ရဲ့ ကမ်းခြေကြီးကို တွေ့တဲ့အခါ ရင်ထဲ လှုပ်ရှားမိသွားတယ် ၊ ဂျီမင်းက ကမ်းခြေ အရမ်းကြိုက်တာလေ ။
ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိ မေမေနှိုးတော့မှ နိုးတော့သည် ။
Jin “ သား ဂျီမင်း ၊ သားလေး ထ ထ ရောက်ပြီသား ”
JM “ ဟင်းးး , ဟုတ်မေမေ ”
သက်ပြင်းဆွဲပြီး ကားပေါ်မှ ဆင်းလိုက်သည် ။အိမ်ရှေ့ ထွက်ကြိုနေတဲ့ မေမေ့ သူငယ်ချင်း နဲ့ ဂျီမင်းထက် နဲနဲ ကြီးပုံရတဲ့ အရမ်းချောတဲ့ကောင်လေးတစ်ယောက် ။
Jin “ မီယောင်း လှလာလိုက်တာ ငါ့သူငယ်ချင်းလေး ”
MY “ အမလေး ကျောင်းတုန်းက Queen ဖြစ်တဲ့ နင်က အခုထိကို လှတုန်းပါပဲ ဟယ် ”
သူငယ်ချင်းနှစ်ယောက် တွေ့တာနဲ့ စကားဖောင်ဖွဲ့ကာ သားတွေကို မေ့နေကြသည် ။
အန်တီမီယောင်းရဲ့ သားဖြစ်ပုံရတဲ့ အကိုက ဂျီမင်းတို့အထုတ်တွေကို ဝိုင်းသယ်ပေးရင်း
မေမေဝင်သွားတဲ့ ခြံလေးထဲ လိုက်ဝင်လိုက်သည်။MY “ ဂျင်း ဒါ ငါ့အသဲလေး ဂျီမင်းလေးမလား ? ”
Jin “ ဟုတ်ပါ့ ၊ ရှင့်အသဲလေး ဂျီမင်းလေးလေ ”
MY “ ဟော.. ဂျီလေးတောင် ဒီအရွယ်ရောက်လာပြီပဲ ချစ်ဖို့ကောင်းလာလိုက်တာဟယ် ”Jin “ ဒါက Eunwoo လေးလား မီယောင်း ”
MY “ ဟုတ်ပါ့ အဲ့တာ နင့် အသဲ အန်ဝူး လေ ”
Jin “ အိုမိုး ချောလာလိုက်တာဟယ် ငါ့သားအန်ဝူးလေးက ”
EW “ ကျေးဇူးပါတီတီ ”
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...