အပိုင်း (၃)

308 36 6
                                    

ကျောင်းဆင်းချိန်တွေက အပျော်ရဆုံးပဲ
ကျတော့်တွက်တော့ မေမေ ရှိတဲ့ ရပ်ဝန်းလေးကသာ အနွေးထွေးဆုံးနဲ့ အအေးချမ်းဆုံး‌လေ။

ဒါပေမဲ့ အခုချိန်တော့ ကျောင်းဆင်းချိန်ကို မကြိုက်တော့ပါ ။

ဘာလို့လဲဆိုတော့... ဘယ်ကလူကြီးမှန်းမသိ နှာဗူးရုပ်ကြီးနဲ့ ဂျီမင်းနောက်လှမ်းလှမ်းကနေ လိုက်နေလို့ပင် ။

အစက သူ့ဘာသာသွားနေတာထင်မိပေမဲ့ ဂျီမင်းရပ်ရင် လိုက်ရပ်ပြီး အပေါ်ကြည့်အောက်ကြည့်နဲ့ လုပ်နေတဲ့ နှာဗူးရုပ်နဲ့လူကြောင့် ဂျီမင်းအရမ်း ကြောက်နေပါသည် ။
အပြန်လမ်းက သာယာပေမဲ့ လူပျက်တယ်လေ ။

* ဟင့် ကြောက်တယ် ၊မေမေရေ ကယ်ပါ ဟင့် *

ထိုစဉ် -
JK - "ဟိတ် ဂျပု ရုပ်ဆိုးကောင် !!!! "

JM သွားနေရာမှရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည် ။ ဟိုယုန်လူဆိုးလေး

JM - " ဘာကိစ္စရှိလို့လဲဟင် ဂျောင်ကု ?

JK - " ငါနဲ့လိုက်ခဲ့ ! "

JM - " ဂျီ မလိုက်တော့ပါဘူး ။ မေမေ စိတ်ပူနေ "

JK -" မင်းကိုငါ ခွင့်တောင်းတာမဟုတ်ဘူး ၊ အမိန့်ပေးနေတာ အခုလိုက်ခဲ့စမ်း !! "

ဂျီမင်း လဲ ဟိုနှာဗူးကြီးကို ကြောက်နေတာနဲ့ ဂျောင်ကု ခေါ်ရာကိုသာ လိုက်သွားလိုက်တော့တယ် ။

JM " အခု ဘယ်ကိုသွားနေတာလဲဟင် "

JK " မင်းကို နှာဗူးအဖိုးကြီးလိုက်နေလို့ခေါ်လာတာ ၊ ဘာလဲ မင်းက အဲ့အဖိုးကြီး နှာဗူး ထ တာခံချင်နေတာလား "

JM " ဟာ ..မဟုတ်ပါဘူး ဂျောင်ကုကလဲ "
ဟို... ကျေးဇူးတင်ပါတယ်နော် "

JK "မင်းအပေါ်မှာကျေးဇူးရှိသွားပြီဆိုတော့ ငါ့ကို ကျေးဇူးဆပ်ဖို့ပြင်ထား "

JM " ဟိုလေ ဂျီက မချမ်းသာလို့ တန်ဖိုးအများကြီးတော့မတောင်းပါနဲ့နော် "

JK " ဟက် ! တန်ဖိုးမကြီးဘူး ဈေးပေါပါတယ် "

JM " ဟုတ် ဘာပေးရမလဲ ဟင် "

JK " မင်း ငါ့ ကျွန် လုပ် ရ မယ် "

JM " ဗျာ? ၊ "

JK " ငါ စကားကိုနှစ်ခါမပြောတတ်ဘူး "
ဒီနေ့ကစပြီး မင်းက ငါ့ကျွန်ပဲ "

ရုပ်ဆိုးကောင် Where stories live. Discover now