အပိုင်း ( ၂၂ )

1.1K 58 4
                                        


‎အိပ်ယာက နိုးတာနဲ့ မျက်လုံးမဖွင့်သေးပဲ အပြုံးပန်းဝေဆာစွာနဲ့ ရင်ခွင်ထဲကအရာလေးကို ပိုတိုးလို့ဖက်လိုက်သည် ။

‎JK * ဟမ် တစ်မျိုးကြီးပဲ *

‎မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ

‎JK “ ဖက်လုံးကြီး? ”
‎မောင် နှုတ်ခမ်းဆူမိသည်။

‎JK “ ငါဘာလို့ ပစ်ထားခံရတဲ့ ခံစားချက်ကြီးဝင်နေရတာလဲ ”

‎အိပ်ချင်မူးတူးနဲ့ ထကာ ရေချိုးခန်းထဲ ဝင်လိုက်သည် ။ ဘေစင်ပေါ်က သွားတိုက်ဆေးထည့်ထားတဲ့ သွားပွတ်တံလေး မြင်မိတော့ ပြုံးမိပြန်သည်။

‎သွားတိုက်တော့လဲ ပြုံးပြုံးကြီး ။

‎မျက်နှာသစ်ရေချိုးတော့လဲ ပြုံးပြုံးကြီး ။
‎ညကအကြောင်း‌တွေ တွေးတွေးပြီး ပြုံးရယ်နေတဲ့ မောင်ပါ‌လေ ။
‎.................................................................

‎ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ နမ်းဂျွန်နဲ့ တွေ့လေသည်။

‎NJ “ သက်သာနေပြီလား ၊ သား ”

‎သူ့ကို ဒယ်ဒီက တစ်ခါမှ ဒီလိုမမေးဖူးတော့ မောင် မျက်ရည်ဝဲရသည် ။

‎JK “ ဟုတ် သက်သာပါတယ် ”

‎သားဖနှစ်ယောက် စကားပြောနေတာတွေ့ရတော့ ၊ တစ်ခုခုဆို ဝင်ထိန်းဖြောင့်ဖြဖို့ အိမ်တော်ထိန်းကြီးစောင့်ကြည့်နေလိုက်သည် ။

‎NJ “ ဒီအချိန်ထိ သား အပေါ်မှာ အဖေ ဟာ အဖေတာဝန် မကျေဘူးလို့ သားထင်ကောင်းထင်နေလိမ့်မယ် , ဒါပေမယ့် အဖေလုပ်နေတဲ့အလုပ်မှန်သမျှ ငါ့သားအတွက်ကြီးပါပဲကွာ , အဖေ ဘယ်လောက်ပဲပင်ပန်းပင်ပန်း သားအတွက်ဆိုတဲ့ စိတ်နဲ့ ဒီအဖေက အစွမ်းကုန် အလုပ်တွေ ကြိုးစားခဲ့တာပါ ”

‎နမ်းဂျွန်စကားတွေကြောင့် ဂျောင်ကု မျက်ရည်တွေကျလာသည် ။

‎ဒီအရွယ်ထိ သူတွေးနေခဲ့တာက အဖေက ငါ့ကိုမချစ်ဘူး ၊ အဖေက ငါ့ကို ဂရုမစိုက်ဘူး ၊ ဖေက ငါ့ထက် အလုပ်ကို ပိုချစ်နေတာ ဆိုပြီး အတွေးအမှားတွေ ဆက်တိုက်တွေးရင်း ရှင်သန်လာခဲ့တာပဲ ။
‎တကယ်တော့ မောင်ဟာလဲ သားတစ်ယောက်ပဲ အဖေကိုမချစ်ပဲနေပါ့မလား ၊ အဖေများဂရုစိုက်လာမလားဆိုပြီး ဆိုးပြခဲ့ရတာပေါ့ ။
‎အခုလို သူ့အတွက် အလုပ်တွေကြိုးစားနေကြောင်း ပြာပြသွားတော့ မောင် အတိုင်းထက်အလွန် ဝမ်းသာမိပါသည်။

‎JK “ အ အ‌ အဖေ ”

‎NJ “ အာဂူးး ငါ့သားက ငိုနေတာပဲ ၊ မငိုပါနဲ့တော့သားရယ် ၊ အဖေလဲ အလုပ်တွေကြိုးစားပြီး သားကို ဂရုမစိုက်မိခဲ့ဘူး ၊ အဖေ့အပြစ်ပါကွာ ၊ သား ဆေးရုံတက်ရ‌တုန်းကစပြီး အဖေ သားကို မတွေ့ရတော့မှာ ၊ အဖေ့ဆီက ထွက်သွားတော့မှာကို အဖေ သိပ်ကြောက်ခဲ့တယ် သား ၊ အခုအလုပ်တွေကို လတ်တလော အပြီးသတ်ပြီး မိဘတစ်ယောက်အနေနဲ့ သားကို နွေးထွေး ကြင်နာပါတော့မယ် ။”

‎မောင် ကလေးလေးတစ်ယောက်လို နမ်းဂျွန်ကိုဖက်ကာ ငိုလေတော့သည် ။

‎ဂျီမင်းလဲ ထမင်းစားခန်းထဲကနေ ငြိမ်ပြီးကြည့်နေရင်း ထပ်တူ ဝမ်းသာနေမိသည်။

‎......................................................................

‎ထမင်းစားခန်းထဲဝင်လာတဲ့မောင်က ကျောပြင်လေးလှုပ်"လှုပ်"နဲ့ ဘာတွေလုပ်နေမှန်းမသိတဲ့ ဂျီမင်းကိုတွေ့တော့ ခါး‌သေးသေးလေးကို ဖက်လိုက်ပြီး ပုခုံးသေးသေးပေါ် မေးလေးတင်လိုက်သည် ။ တုန်ခနဲဖြစ်သွားတဲ့ ခန္ဓာကိုယ်လေး ။

‎JK “ ဘာတွေ လုပ်နေတာတုန်း အသဲလေးရဲ့ ”
‎JM “ ကြက်ဥကြော်နေတာပါမောင်ရဲ့ ”
‎JK “ မောင့်အတွက်လား ”
‎JM “ ဟင့်အင်း ”
‎JK “ သဲငယ်လေး စားဖို့လား ”
‎JM “ ဟုတ်ပါဘူး ”
‎JK “ သဲသဲ !! ဘယ်သူ့အတွက် လုပ်နေတာလဲ ? ”
‎JM “ မောင်ကလဲ အော်ပါနဲ့ ၊ ဦးအတွက်လုပ်နေတာပါ ၊ ”
‎JK “ မောင့်အဖေက ကြက်ဥကြော် မကြိုက်ဘူး ၊ မောင်ပဲစားမယ် ”
‎JM “ ဟင် ? ဟုတ်လား ၊ ခုနက မေးတော့ စားမယ်ဆိုလို့ ”
‎JK “ လာပါ အာဘွားပေးချင်လို့ ”
‎ဂျီမင်းကြက်ဥကြော်နေတဲ့အရှေ့ ဝင်ရပ်လိုက်ပြီး မျက်နှာတစ်ခုလုံးကို တမွမွနဲ့ နမ်းနေလိုက်သည် ။
‎JM“ အာ ...မောင့်! ဖယ်...ဆို ”
‎JK“ ဒါလေးကို ချစ်လို့မဝလိုက်တာကွာ”

‎ထမင်းစားခန်းထဲဝင်မဲ့ NJ လဲ အချစ်ငှက်ငယ် လေးတွေကိုကြည့်ရင်း  ပြုံးရင်းသာ ပြန်လှည့်ထွက်ခဲ့ရသည်.....။

‎Nj “ လွမ်းလိုက်တာ Jin ရယ် ”

‎........................................................................

‎ဆေးရုံဆင်းထဲက အိမ်ထဲအောင်းနေတဲ့သူငယ်ချင်းယုန်ပေါက်ကို အပျင်းပြေ ကော်ဖီဆိုင်တစ်ခုသို့ ခေါ်လာခဲ့ကြသည် ။

‎V “ ဒါဆို မင်းတို့က ချစ်သွားကြပြီပေါ့ ”

‎JK “ ဒါပေါ့ကွာ ။ ငါ့လိုလူကို ဘယ်သူက ငြင်းမှာလဲ ”

‎ကွန်ဖီးဒန့်လယ်ဗယ်စိုးဟိုက်နေတဲ့ ယုန်ကြီးကို ကြည့်ပြီး ထယ်ယောင်းနဲ့ ယွန်းဂီ မျက်စောင်းထိုးလိုက်ကြသည် ။

‎Jk “ငါ တကယ် ချစ်မိသွားတာကွ , ငါလေ ပြုစားခံနေရတယ်ဆိုရင်တောင် ဂျီ့ကိုချစ်ခွင့်ရလို့ ပျော်"ကြီး ပြုစားခံနေအုံးမှာ ”

‎V “ မေးမိလား ???? ”

‎SG “ လင်ဒါရူး ”

‎ဂျွန်‌ဂျောင်ရူး တစ်ယောက် သူငယ်ချင်းတွေဘယ်လောက် ပြောပြော ပြုံးပြုံးကြီးနဲ့သာ ။

ရုပ်ဆိုးကောင် Where stories live. Discover now