အပိုင်း ( ၁၉ )

261 32 8
                                    

ဆရာက အရှေ့မှာ စာသင်နေပေမယ့် ဂျီမင်း စိတ်က ဂျောင်ကုဆီမှာပဲရှိနေသည် ။ စာထဲလဲ စိတ်မပါ ။ ကျောင်းဆင်းချိန်ထိ မောင့်ကိုပဲလွမ်းနေမိသည်။

HS " ဂျီမင်းရယ် လွမ်းရင်လဲ သွားတွေ့လိုက်ပါလား "

JM " ဟင့်အင်း မောင်က ငါ့ကို တွေ့ချင်မှာမဟုတ်ဘူး "

HS "ပြောလို့ရမလား ဂျောင်ကုလဲ မင်းကို သတိရချင်ရနေမှာပေါ့ "

JM " အဲ့ယုန်လူဆိုးလား ငါ့ကို သတိရမှာ "

ဂျီမင်း အပြင်ပိုင်းမှာသာ ပြောနေပေမယ့် စိတ်ထဲတွင်တော့ မောင့်ကို ပြေးတွေ့ချင်နေမိသည် ။

HS " ကဲပါဂျီမင်းရယ် သွားတွေ့လိုက်ပါနော်၊ ငါလဲ ထယ့်ကို လွမ်းလှပြီ , ငါလဲလိုက်ခဲ့ချင်တယ် နော် နော် "

JM " ဟင်းးးး အင်းပါ သွားကြမယ်လေ "

HS " ဟင် အခုလား "

JM " ဟုတ်တယ်လေ အခု တစ်ခါတည်း သွားလိုက်မယ် "

HS * အမယ် အစက ကျ သူပဲ မူနေပြီးတော့ အခုမှ အသဲအသန်နဲ့ ဟွန်းး *

...........

V " ဂျောင်ကု မင်း အခုရက်ပိုင်းဘာဖြစ်နေတာလဲ ၊ ငါ့မှာ ကျောင်းနားထားပြီး မင်းကိုစောင့်ပေးနေရတာနော် "

JK " ငါဘာဖြစ်နေလို့လဲ "

V " လင်ပူမိနေတဲ့ရုပ်ဖြစ်နေလို့ဟေ့ "

ဟုတ်လည်းဟုတ်တယ် ၊ အချိန်ပြည့် မိုင်တိုင်တိုင်နဲ့ အပေါက်ဝကိုပဲ မျှော်နေတာ ဒီကောင် ။

JK " ထယ်ယောင်း "

V " ဘာလဲ "

JK " ဟိုရုပ်ဆိုးကဘာလို့မလာတာလဲ "

V " မေးတတ်တယ်နော် ၊ မင်းပဲ သူမလာချင်အောင် ပြောထားတာလေ "

JK " မင်းလဲ ကျောင်းနားထားတာကြာပြီဆိုတော့ ကျောင်းပြန်တက်တော့လေ ၊ ဟိုရုပ်ဆိုးကောင်ကို လူနာလာစောင့်ခိုင်းလိုက် "

V " ဘာ "

ထိုအချိန် အခန်းတံခါးပွင့်လာပြီး

V " ဟိုဘီလေးနဲ့ ဂျီမင်းပါလား လာ‌ကြလေ "

HS " ထယ့်ကိုလွမ်းလို့ လာတာ ၊ ဂျီ့ကိုပါ ခနခေါ်လာတာ "

ရုပ်ဆိုးကောင် Where stories live. Discover now