ဒီလိုနဲ့ မောင်နဲ့ ဂျီမင်းတို့ရဲ့ နေ့ရက်တိုင်းဟာ အရမ်းချစ်ဖို့ကောင်းနေပြီး ဂျီမင်းရဲ့ စူပုပ်နေတဲ့ ရုပ်ကလေးကပင် မောင့်ကိုအတိုင်းထက်အလွန် ပြုံးစေသည် ။ပျော်ရွှင်စေသည်။ ဂျီမင်းပြုံးရင် မောင် စိတ်အေးရသည် ။ စိတ်ချမ်းသာရသည် ။ ဂျီမင်းဝမ်းနည်းရင် မောင် ကမ္ဘာပြိုသလိုပင် ခံစားရသည်။ ဒါတောင် ဂျီမင်းဆေးရုံလာစောင့်ပေးတာ ရက်သပတ်သာရှိသေးသည် ။သေချာတာကတော့ မောင်ဟာ ရုပ်ဆိုးကောင်လေးကို နောက်တစ်ခါ ထက်ချစ်မိပြန်ပြီ ဖြစ်သည်။
အတိတ်မေ့နေတယ် ဆိုသော်လည်း နှလုံးသားကတော့ သူ့ရဲ့ပိုင်ရှင်ကို မမေ့နိုင်ပါ ။ ဂျီမင်းနဲ့ ရှိချိန်တိုင်း မောင့်ရဲ့ နှလုံးသားတွေက အချစ်တွေ စီးဆင်းနေဆဲပင် ။ ရင်တွေ ထိန်းမရအောင် ခုန်ဆဲပင် ။ ဂျီမင်းရဲ့ အရာရာတိုင်းကို မောင့်မှာ တန်ဖိုးထားမြတ်နိုးနေရသည် ။ ဒါတွေကို အချစ်လို့ ခေါင်းစဉ်တပ်မယ်ဆိုလဲ ရသည် ။ အချစ်ထပ်တောင် ကျော်လွန်စွာ ဖြစ်တည်နေတဲ့ မောင့်ရဲ့ အဖြစ်တွေပါလေ ။
.............................ဒီနေ့က ဆေးရုံဆင်းရမယ့်ရက်ဖြစ်သည် ။
ဂျောင်ကုအဖေရော ဂျီမင်းအမေရော သူငယ်ချင်းတွေရော ရှိနေကြသည် ။မောင့်ရဲ့ အသဲအသက်ဖြစ်တဲ့ ရုပ်ဆိုးကောင်လေးနဲ့လဲ မခွဲချင် ။ မောင် ကြံရာမရဖြစ်နေသည် ။
Jin " ဆေးရုံဆင်းဖို့ အဆင်သင့်ပဲလား သား ဂျောင်ကု "
JK " ဟုတ် အန်တီ ၊ ကျတော်တစ်ခုလောက်တောင်းဆိုချင်လို့ပါ "
Jin " အင်း ပြောလေ "
JK " ဟိုလေ ကျတော့်အိမ်ကို ဂျီမင်းကို ခေါ်သွားချင်တယ် ခွင့်ပြုပေးပါလားအန်တီ "
Jin " ဟင် ၊ အော် အဲ့တာက "
JK " အန်တီရယ် ကျတော်က အခုမှ ဆေးရုံကဆင်းရမှာလေ ၊ ပြီးတော့ သိပ်လဲမလှုပ်ရှားနိုင်သေးဘူးလေ ၊ ဂျီမင်းက ပြုစုတာတော်လို့ပါ "
Jin " အင်းပါ ဒါဆိုလဲ ခေါ်သွားလေ "
Jin လဲ မတားချင်တော့ပါ ၊ အစထဲက သူတို့က လက်ထပ်ကြမဲ့သူတွေပဲလေ ။
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...