အပိုင်း ( ၂ )

292 42 8
                                    


ဂျီမင်း အကြောက်လွန်ပြီး ထယ်ယောင်းကို ဖက်ထားမိသည် ။

JM" ဟင့် ထယ်ယောင်း ၊ ဂျီ ကြောက်တယ် ဟင့် "
V " ဘာဖြစ်တာလဲ ယွန်းဂီ ၊ ငါ့ကို ပြောပြအုံး "

JK ဘေးက အေးဆေး ပွဲကြည့်နေတဲ့ ယွန်းဂီ အား ထယ်ယောင်း မေးလိုက်သည် ။

SG - " ရန်ဖြစ်နေတာ "
V " ဟာ..မင်းကလဲ အစအဆုံးပြောပြမှပေါ့ ကွ "

ယွန်းဂီလဲ စိတ်မရှည်စွာနဲ့ တို"ပြတ်" လိုရင်းပြောပြလိုက်တယ် ။

JM -" ဂျီ တောင်းပန်ပါတယ် ဟင့် "

JK " ဒီကောင် ရွံစရာမျက်နှာနဲ့ ငိုပြနေတာ ငါလုပ်မိတော့မယ် "

V "စိတ်လျှော့ပါ ဂျောင်ကုရာ၊ ဒါငါ့ရဲ့သူငယ်ချင်းအသစ် ဂျီမင်းတဲ့ ၊ သူတမင်လုပ်တာမဟုတ်လောက်ပါဘူး ကွာ ၊ စိတ်လျှော့ စိတ်လျှော့ "
" ဂျီလဲ မငိုနဲ့တော့ ၊ လာ အတန်းထဲသွားမယ် "

JM " ဟုတ် ၊ ဟင့် "

ငိုနေတဲ့ ဂျီမင်းအား ရင်ခွင်ထဲမှ ဖွဖွလေးဆွဲထုတ်ကာ အတန်းထဲ ပြန်ခေါ်သွားလိုက်တယ် ။

JK " ပုံစံကိုက ပျော့တိပျော့ဖက်နဲ့ ထောင့်ကိုမကျိုးဘူး "

SG - " ငါမုန့်စားရအုံးမှာလား ?? "

JK " ငါ မစားတော့ဘူး စိတ်မကြည်တော့လို့ "

SG - " မစားလဲနေ ငါက စားမှာ "

JK လဲ ယွန်းဂီကို ဆိုင်မှာ ထားခဲ့ပြီး အတန်းထဲ ပြန်လာခဲ့လိုက်တယ် ။
အခုမှ သတိထားမိတာက ခုနက ရုပ်ဆိုးက သူ့အရှေ့မှာ ထိုင်နေတာပဲ တွေ့မယ် ! Huk !

စာသင်နေစဉ် ထိုင်ခုံအနောက်မှာထားတဲ့ ဂျီမင်းလွယ်ထဲကို အချိုရည်တချို့ ဖောက်ပြီး ထည့်လိုက်သည် ။ ပြီးတော့ JK မဲ့ပြုံးတစ်ခု ပြုံးလိုက်သည်။

နောက်ဆုံးချိန်သင်ပြီး ဂျီမင်းလဲ စာအုပ်တွေ သိမ်းမယ်အလုပ်
JM " ဟင် ? လွယ်အိတ်ထဲ အချိုရည်တွေ အများကြီးကြီး ပေနေပါလား "

V " ဘယ်လိုဖြစ်တာလဲ ဂျီမင်းရယ် "

JM " ဂျီ လဲမသိဘူး ထယ်ယောင်း ၊ အိမ်ရောက်ရင် မေမေ ဆူတော့မှာပဲ "

ဘယ်သူလုပ်တာလဲဆိုတာ ထယ်ယောင်း သိပါတယ် ။ နှုတ်ခမ်းလေးဆူပြီး ငိုမဲ့မဲ့ ဖြစ်နေတဲ့ ဂျီမင်းကို ကြည့်ပြီး ဂရုဏာသက်မိသည် ။

ရုပ်ဆိုးကောင် Where stories live. Discover now