အပိုင်း ( ၂၃ )

1.2K 67 11
                                        


သဝန်တိုလွန်း၍ ဘာမှကိုမမြင်မိတော့တဲ့ မောင်ဟာ အခုလည်းပဲ ဂျီမင်းကို ကြမ်းတမ်းစွာ ဆက်ဆံမိပြန်သည်။ 

လက်သေး"နု"လေးကို အားနဲ့ညှစ်ပြီး ကားပေါ်သို့ တွန်းလွှတ်လိုက်တဲ့မောင်  ။

“ တက်စမ်း ”

ကြောက်တတ်တဲ့ဂျီမင်းလေးလဲ မျက်ရည်ကျရုံမှအပ ။ ရှင်းပြချင်ပေမယ့် ဒေါသအရမ်းထွက်နေသူက နားဝင်မည်မဟုတ်ပေ ။

တက်ခိုင်းတဲ့အတိုင်း ကားပေါ်သို့ တက်ပြီး နာနေတဲ့လက်ကလေးကို တစ်ဖက်လက်နဲ့ အုပ်ထားလိုက်သည် ။

ကားကတစ်ဟုတ်ထိုးအရှိန်နဲ့ ကြမ်းတမ်းစွာ မောင်းနှင်ခဲ့သည် ။ ဂျီမင်းဖြည်း"မောင်းဖို့ပြောချင်သော်လဲ မပြောရဲပေ ။မောင့်ရဲ့မျက်နှာထားက ခက်ထန်မာကြောလှပါသည် ။

........................................................................

ခြံကျယ်ကြီးသို့ ကားကို အရှိန်ပြင်းစွာမောင်းဝင်လာပြီး အိမ်အပေါက်ဝမှာကားကိုဘရိတ်အုပ်ကာ ရပ်လိုက်သည် ။

ဂျီမင်းကိုပွေ့ချီလိုက်ပြီး

“ အခန်းထဲက ဘာသံကြားကြား ဘယ်သူမှဝင်မလာနဲ့ !!!! ”

ဘေးတွင် ရပ်ကြည့်နေသော အိမ်တော်ထိန်းနှင့်အလုပ်သမားများသည် ။ဂျောင်ကုပြောပြီးသည်နှင့် ခပ်မြန်" ကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာ ထွက်သွားကြတော့သည်။

*အင်း...သခင်ကြီး အလုပ်နဲ့နယ်ကိုခရီးသွားတာ ကံကောင်းတယ် ပြောရမယ် *

အိမ်တော်ထိန်းကြီးလည်း သက်ပြင်းချရုံမှအပ မတတ်နိုင်ပါ ။နမ်းဂျွန်ရှိရင် ပိုပြီး ပြဿနာကြီးနိုင်ပါသည်။

........................................................................

အိပ်ခန်းတံခါးကို ဖွင့်ပြီး ဂျီမင်းကို ကုတင်ပေါ်သို့အရှိန်နဲ့ ပစ်ချလိုက်သည် ။

“ ဘာ  လို့  ဖောက်  ပြန်  တာ  လဲ ”

သွေးအေး"နဲ့ တစ်လုံးချင်းဆီမေးတဲ့မေးခွန်းက ကြောက်ဖို့မကောင်းတော့ပါ ။ ဒီတစ်ခါတော့ ဂျီမင်းကို စော်ကားလွန်းရာကျပါသည်။

“ မောင်!!! ဂျီ့ကို မစွပ်စွဲနဲ့နော်!! ”‌

ငိုနေရင်းပြောနေတဲ ဂျီမင်းကိုကြည့်ရင်း မောင့်ရင်ထဲလဲ နာလာပါသည် ။သို့ပေမယ့် ဂျီမင်းနဲ့ပတ်သတ်ရင် sensitive ဖြစ်လွန်းတဲ့ မောင်မို့

ရုပ်ဆိုးကောင် Where stories live. Discover now