မှန်ထဲတွင်ပေါ်နေသော ပါးတစ်ဖက်ယောင်ကိုင်းနေတဲ့ သူမ မျက်နှာကို ကြည့်ပြီး
Sora " မိဘတောင်မရိုက်ဖူးတဲ့ ပါးကို ရှင်က ရိုက်ရက်တယ်ပေါ့လေ ၊ ဟင်း! ဘယ်လိုလုပ်မလဲ ဂျွန်ဂျောင်ကု ! ရှင်ကရိုက်လေ ကျွန်မက ချစ်လေပဲ ၊ ရှင့်ကို မရရအောင် ယူပြမယ် ကြည့်နေ !!"
မှန်ကြည့်ကာ မဲ့ပြုံးပြုံးနေသော သူမသည် ယခုအချိန်တွင် လွန်စွာ ကြည့်ရဆိုးလွန်းနေပါသည် ။
.................................................................at school -
V " ဂျောင်ကု "
JK " ဘာလဲ? "
V " မနေ့က ဂျီမင်းကို ဘာလုပ်လိုက်သေးလဲ "ထယ်ယောင်း အမေးကြောင့် ဂျောင်ကု မနေ့က နှုတ်ခမ်းဖူးဖူးလေးကို ပြန်မြင်ယောင်ပြီး မျက်နှာကြီး နီလာသည် ။
V " ဂျောင်ကု မင်းဘာလို့ မျက်နှာကြီး နီနေတာလဲ ? ငါမေးတာဖြေအုံး ၊ ဂျီမင်းကို ဘာလုပ်လိုက်လဲလို့ "
JK " အဟွတ် အဟွတ် ၊ ဘာ ဘာ လုပ် ရမှာလဲ ? ၊ ဒီတိုင်း ဟန်မြစ်ဘေး ထိုင်ခဲ့တာ "
V " ဟုတ်လား ၊ ဒါဆို ဂျီမင်း ဘာလို့ ကျောင်းမလာသေးတာလဲ "
JK " ဟင် အမ် ၊ ငါ ဘယ်သိမလဲ "
V " မင်း ! မဟုတ်မှ ၊ ဂျီမင်းကို.... "
ဂျောင်ကု မျက်နှာ နီသထက် နီလာပြန်သည် ။
V " ထိုးလိုက်သေးလား ? မဟုတ်ရင် အနိုင် ကျင့်လိုက်သေးလား ? "
JK " အပြစ်ပေးလိုက်တယ် "
V " မင်းကြောင့် ကျောင်းမလာတာပဲနေမယ် ၊ ဂျောင်ကုရာ ငါ့သူငယ်ချင်းလေးကို အဲ့လောက်ကြီး အနိုင်မကျင့်ပါနဲ့ကွာ သနားပါတယ် "
JK " မင်း သနားစရာမလိုပါဘူး! "
ဂျောင်ကုမျက်နှာ မာလာတာကို သတိထားမိတဲ့ ထယ်ယောင်းလဲ ဂျောင်ကု ဒေါသကို နဲနဲကြောက်ရပါသည် ။ ဒါကြောင့် စကားလွှဲ လိုက်သည် ။
V " ဒါနဲ့ မနေ့က ဂျီမင်းအတွက်နဲ့ ဆိုရာ့ကိုဘာလို့ ပါးရိုက်လိုက်တာလဲ "
JK " ငါ့ကျွန်ကို လာထိတာ ငါက ခံရမှာလား ? "
V " ဘယ်တုန်းက မင်းအနိုင်ကျင့်တဲ့သူတွေကို ကာကွယ်ပေးခဲ့ဖူးလို့လဲ ? ဂျီမင်းကျမှ မင်းက ကာကွယ်ရတာနဲ့ဘာနဲ့ "
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...