အပိုင်း ( ၁၈ )

448 43 15
                                    

အခုဆို ခြောက်ရက်ရှိခဲ့ပြီ မောင် ပြန်နိုးမလာသေးဘူး ။ ဂျီမင်း လဲ ဆေးရုံမှာပဲ မောင့်အနားမှာ‌နေပြီး ကိုယ်လက်သန့်စင်တာတွေလုပ်ပေးရင်း အိပ်နေတဲ့မောင့်ကို စကားလေးတွေ ပြောရင်း အချိန်ဖြုန်းနေတတ်သည်။ တစ်ခါတစ်ခါလည်း တိုးတိုးလေးငိုနေတတ်သည်။ အစားတော့ပုံမှန်စားဖြစ်တယ် ဒါမှ မောင့်ကိုပြုစုယုယနိုင်မှာလေ။

လက်ကလေးတွေကို ရေစိုဝတ်လေးနဲ့ သုပ်ပေးနေတုန်း မောင့်လက်ချောင်းလေးတွေလှုပ်လာခဲ့သည်။ ဂျီမင်းလဲ သူအမြင်မှားတာပဲနေမယ်လို့တွေးလိုက်ပြီး လက်ချောင်းလေးတွေကို သေချာလေး သုပ်ပေးနေလိုက်သည်။
မောင့်လက်လေး နောက်တစ်ခါ ထပ် လှုပ်လာတော့သည်။

JM "မောင် မောင် မောင် သတိရလာပြီထင်တယ် "

ဂျီမင်း အချက်ပေးခလုပ်ကို ပြေးနှိပ်ကာဆရာဝန်တွေကိုခေါ်လိုက်ပြီး မောင်သတိရလာတာကိုအရမ်းပျော်နေမိသည် ။
ဦးနမ်းဂျွန် ၊ထယ်ယောင်း ၊ ယွန်းဂီနဲ့ ဟိုဘီတို့ကိုလဲ ဂျောင်ကု သတိရတဲ့အကြောင်း ဖုန်းဆက်ပြောလိုက်သည်။

ခနနေတော့ အကုန်လုံး ရောက်လာပြီး ဂျောင်ကုကို စမ်းသပ်‌နေကြတာကို ကြည့်နေလိုက်ကြသည်။

ခနနေတော့ ဂျောင်ကုမျက်လုံးလေးတွေ ဖြည်း"ချင်းပွင့်လာပြီး....

JK " ရေ ရေ "

ဂျီမင်းလဲ ရေခွက်ထဲရေအမြန်ထည့်ကာ ဂျောင်ကု‌ကိုငှဲ့တိုက်လိုက်သည်။

JM " ရော့ မောင် "

ဂျောင်ကုရေသောက်ပြီးနောက် ။ အသံတိုးတိုးလေးဖြင့်

JK " ကျတော်ဘယ်ကိုရောက်နေတာလဲ "

JM " ဆေးရုံကိုရောက်နေတာလေ, မောင် "

JK " ခင်များကဘယ်သူမို့လို့ မောင်လို့ လာခေါ်နေတာလဲ "

JM "ဟင်...မောင်...ဂျီလေ "

Dr " ဒါတွေကရော ဘယ်သူတွေလဲ မှတ်မိလား လူနာ "

JK " မှတ်မိတယ် ဒေါက်တာ ၊ ဒါက ဖေဖေ ၊ ဒါက ထယ်ယောင်း ၊ ဒါက ယွန်းဂီ ၊ ဒီတစ်ယောက်ကဘယ်သူလဲ "

HS " ငါ ဟိုဆော့ပါ "

JK " ကျတော့်ကိုမောင်လို့လာခေါ်နေတဲ့ ရုပ်ဆိုးတဲ့တစ်ယောက်နဲ့ ဒီဟိုဆော့ဆိုတဲ့လူကိုမသိဘူး Dr "

ရုပ်ဆိုးကောင် Where stories live. Discover now