NAMJIN နှစ်ယောက်ရဲ့ အတိတ်ဇာတ်လမ်း ။NJ * ဂျင်းရယ် နှစ်တွေကြာသွားလို့ အသက်တွေကြီးသွားလဲ ကိုယ့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူကို ကိုယ် ဘယ်လိုမှ မေ့မရပါဘူးကွာ ။ ကိုယ်အလုပ်တွေထဲ စိတ်နှစ်ထားတာကလဲ မင်းကို မလွမ်းမိအောင်ပါ ။ သေတ္တာလေးထဲက မင်းနဲ့ကိုယ်ရဲ့ စာလေးတွေနဲ့ ဓါတ်ပုံလေးတစ်ပုံကို ထုတ်ကြည့်မိတိုင်း ရူးမတတ် ကို လွမ်းလို့ ငိုခဲ့ရတဲ့ ညပေါင်းလဲ များခဲ့ပါပြီ ။ *
ဓါတ်ပုံလေးကို ထုတ်ကြည့်ကာ မျက်ဝန်းမှ မျက်ရည်များ ကျဆင်းလာပြီး အရင် အတိတ်တွေဆီသို့ .......
တက္ကသိုလ်ကျောင်းကြီးရဲ့ တစ်နေရာဖြစ်တဲ့ မြရာပင်ကြီး အောက်မှာ ထိုင်နေတဲ့ Jeon Namjoon , Park Seokjin , Lee Taemin , Kim Somi ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိသည် ။
Jin " ဂျွန်း အဲ့ကိစ္စ ဘယ်လိုလုပ်မှာလဲ ၊ငါ ဂျွန်းနဲ့ မခွဲနိုင်ဘူးနော် "
NJ " ကိုယ်လဲ ဂျင်းနဲ့ မခွဲနိုင်ပါဘူးကွာ "
Sm " အဂျွန်း နင်အချိန်ဆွဲမနေနဲ့ဟာ ၊ နင်နဲ့ငါ့ကို လူကြီးတွေက ရက်ပိုင်းအတွင်း လက်ထပ်ပေးတော့မှာဟ "
Tm " ငါဆိုမီနဲ့ မခွဲနိုင်ဘူး ၊ ငါဆိုမီ့ကို ခိုးပြေးတော့မယ် "
Jin " ဂျွန်း ~ ဂျင်းတို့လဲ ထွက်ပြေးကြရအောင်နော် "
NJ " ဒီလိုလုပ်လိုက်တာနဲ့ မပြီးသွားဘူးဂျင်း ၊ကိုယ်တို့ ဒီလိုလုပ်လိုက်ရင် မိသားစုတွေ သိက္ခာကျသွားလိမ့်မယ် "
Jin မကြိုက်တာတွေ အဲ့တာတွေပဲ, ဂျွန်းက ဂုဏ်သိက္ခာကို အရမ်း အသားပေးတယ် ။ ငွေဂုဏ်လဲမောက်တယ် ။ သူအဖြေပေးတုန်းကလဲ အဲ့တာတွေကို လျှော့ပါ့မယ်ပြောခဲ့လို့ ။ အခုတော့ ဂျွန်းက ဒီအတိုင်းပါပဲလား ။
Jin " ဒါဆို ဂျွန်းက ငါ့ကို ခွဲနိုင်တယ်ပေါ့ ၊ ဆိုမီနဲ့ ယူမယ်ပေါ့ ဟုတ်လား "
ဂျင်း အသံလေးတွေ တုန်ယင်လာကာ ခပ်အက်အက်လေးဖြစ်နေသည် ။
NJ " အဲ့လို မဟုတ်ဘူးလေကွာ ၊ ကျစ် ! "
Jin " ဂျွန်းက ငါ့ထက် ဂုဏ်သိက္ခာကို ပိုချစ်တာပါ ၊ ငါသိပါတယ် ဟင့် အီးဟီး ~~~ "
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...