JK "မသွားချင်ပါဘူးကွာ "
JM " မောင်ကလဲ မကောင်းဘူးလေ ၊ ဆိုရာကတကူးတကကြီးဖိတ်ထားတာကို "
JK "ဒါဆို မင်းဘာလို့လှလှလေးပြင်ထားတာလဲ ? ၊ မသွားချင်တာအဲ့တာတွေ "
ရှပ်အဖြူလေးကို ဂျင်းအပြာဘောင်းဘီလေးထဲ ထည့်ဝတ်ထားတဲ့ ရိုးရိုး ရှင်းရှင်း ဖက်ရှင်လေးပါ ။ ဒါကို မောင်က ဥစ္စာခြောက်နေတာဖြစ်သည်။
JM " မောင်ကလဲ လာပါ ၊ သွားရအောင်နော် "
ကုတင်ပေါ်ထိုင်နေတဲ့ ဂျောင်ကုရဲ့လက်ကို အတင်းဆွဲကာ ထခိုင်းရတော့သည် ။
JK " အင်း ! ဒီတစ်ခါပဲ ရမယ်နော် ၊ မောင်က မင်းကို ဘယ်သူကြည့်တာမှကြိုက်တာမဟုတ်ဘူး "
ဂျီမင်း ရင်ခုန်စိတ်လှုပ်ရှားစွာ သိချင်နေသော မေးခွန်းလေးကိုမေးလိုက်သည် ။
JM" မောင် ၊ မောင် ဂျီ့ကို ချစ်နေပြီလား ဟင် "
JK " မချစ်ဘူး "
ထိုအခါမှ နှုတ်ခမ်းလေးထော်လာကာ ဆူပုပ်ပုပ်လေးဖြင့် အောက်ကို တစ်ယောက်တည်းဆင်းသွားသည်။
စိတ်မချနိုင်သော မောင့် မှာတော့ အနောက်က ပြေးလိုက်ရပါတော့သည်။
JK * ချစ်တာပေါ့ မောင့်ဂျီမင်းရယ် ၊ မောင် အရမ်းကိုချစ်မိနေတာပေါ့ ၊ ဖွင့်ပြောတော့မှာ မောင် မင်းကို ဒီညပွဲမှာ လူအများရှေ့ ဝန်ခံတော့မယ် *
ချစ်ကြောင်းဝန်ခံတဲ့အခါ ချစ်သက်လက်ဆောင်လေးပေးဖို့ couple လက်စွပ် လေးကို ဘောင်းဘီထဲ ထည့်လိုက်ပြီး ကိုယ့်အတွေးနဲ့ ကိုယ်ပြုံးကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။
ဧည့်ခန်းမှာ ထိုင်နေတဲ့ ဆူပုပ်လေးကိုချီကာ ပြိုင်ကားအနက်လေးပေါ်တင်ပြီး ကားလေးမောင်းရင်း night birthday party ပွဲသို့....
.................................................................
at party -
ပါတီပွဲက သူဌေးတွေသာ တက်သည့် ကြီးမားသော ကလပ်တွင်းမှာဖြစ်သည်။ ဆိုရာက ထိုကလပ်ပိုင်ရှင် သမီးဖြစ်တာကတစ်ကြောင်း ၊ ကျောင်းရဲ့ Queen ဖြစ်တာကတစ်ကြောင်း လူတော်တော်လေးများပြီး ကြီးကျယ်ခမ်းနားနေပါသည် ။
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...
