ဂျီမင်းနဲ့ အတူနေပြီးတဲ့နောက်ပိုင်း ဂျောင်ကုဟာ ဒါငါ့အပိုင် ၊ ဒါ ငါ့ဟာ ၊ ဒါငါ့ရဲ့ပိုင်ဆိုင်မှု ဒီလိုမျိုး စိတ်တွေ ဝင်လာပါသည် ။
အခုလိုအတူနေမိသည်က ဂျီမင်းအတွက် အဆိုးနဲ့အကောင်း ဒွန်တွဲနေသလို ဂျီမင်းချည်လိုက်မိတဲ့ကြိုးက အရမ်းခိုင်သွားသလိုပင် ။တနေ့က ဂျီမင်းနဲ့ စာအကြောင်းစကားပြောတဲ့ ကောင်လေးကိုလဲ ဆွဲထိုးပစ်သည် ။ မနေ့က ဂျီမင်းကို ကြည့်မိတဲ့ကောင်လေးကိုလဲ ခေါင်းရိုက်ခွဲပစ်သည် ။ ဒီနေ့လဲ အလယ်တန်းက ကလေးမလေးက စာလာပေးတာကို သွားသတ်မယ်ကြီးပဲလုပ်နေသည် ။
အတူနေမိတာမှားပြီထင်တယ်လို့တောင် ဂျီမင်းတွေးမိပါသည် ။
JM " မောင်ရယ် စိတ်လျှော့ပါ သူကအလယ်တန်းက ကလေးလေးပဲရှိသေးလို့ပါ "
မျက်နှာကြီးတင်းမာလျှက် မေးရိုးတွေတင်းထွက်ကာ အံကြိတ်ထားပြီး
JK " မင်းကိုစာပေးထဲက အဲ့ဟာမက ကလေးစိတ်မဟုတ်တော့ဘူးလေ! ၊ မောင် သတ်မှာ အဲ့ကောင်မကို "
JM " မောင်ကလဲကွာ ၊ ဘာမှန်းလဲမသိဘူး ငိုချင်လာပြီ "
ထိုအခါမှ ဂျောင်ကုလဲ စိတ်ကိုနဲနဲလျှော့ပြစ်လိုက်ပြီး
JK " အင်းပါ မောင်သူ့ကိုမသတ်တော့ပါဘူး ၊ မောင့်အသဲလေးမငိုရဘူးနော် ၊ ကြားလား "
မျက်ရည်ကြည်လေးတွေကို လက်မလေးနဲ့ဖွဖွလေးသုပ်ပေးရင်း ကလေးချော့သလိုချော့နေတဲ့ဂျောင်ကု ။
သူတို့အတွဲအကြောင်းလဲ တစ်ကျောင်းလုံးကသိနေပြီဖြစ်သည် ။ စသိကြတုန်းကတော့ ဂျီမင်းကိုမကောင်းပြောကြတာပေါ့ ။
ဂျီမင်းကိုမကောင်းပြောတဲ့သူမှန်သမျှကိုလဲလူမိုက်ငှားပြီး ဂျောင်ကု က လိုက်ဆုံးမသဖြင့် ဘယ်သူဘယ်ဝါကမှ ဂျီမင်းမကောင်းကြောင်းမပြောရဲကြတော့ပါ ။
အတူနေပြီးနောက်ပိုင်း ဂျောင်ကုက ဂျီမင်းအပေါ် တနေ့ထက်တနေ့ ပိုပို ရစ်နွယ်လာကာ အတ္တတွေလဲကြီးလာပါသည် ။ ဂျီမင်းအတွက်က ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် ဒီလိုမျိုးဖြစ်နေတာကို ပျော်ရမှာဆိုပေမဲ့ ဂျောင်ကုက အရမ်းဆိုးတာမို့ မပျော်ရပြန်ပါ ။
![](https://img.wattpad.com/cover/379848648-288-k605194.jpg)
YOU ARE READING
ရုပ်ဆိုးကောင်
Fanfic" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...