" ကိုကို မပြီးသေးဘူးလားဗျာ ကြာလိုက်တာ "
" အင်းပြီးပြီ ခဏလေးပါ ကောင်လေးရယ် "
ခရီးထွက်ရန်အဆင့်သင့်ပြင်ဆင်ပြီးအိမ်ရှေ့မှာကားကိုမှီလို့စောင့်နေတဲ့ Jeon..အိမ်ထဲကနေကမန်း ကတန်းပြေးထွက်လာတဲ့ Kim..အိမ်တံခါးရဲ့ ဘောင်ကိုခလုတ်တိုက်ကာ အရှေ့သို့ ထိုးကျသွားတာကြောင့်အချိန်မှီပြေးဖက်လိုက်ရတဲ့ Jeon..
" ဟူးးးတော်ပါသေးရဲ့ လဲကျပြီထင်တာ "
" ကိုကို!!!"
" ဘာလို့လည်း ဘာလို့အော်တာလည်း "
" ဘာလို့လည်းဟုတ်လား ကိုကို တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလည်း ကျွန်တော်က ကိုကို ထက်ပိုလန့်သွားတာသိလား "
" အင်းပါ သိပါတယ် ..သွားမယ် "
Kim ကိုတံခါးလေးဖွင့်ပေးကာတက်စေပြီးမှ သူက Driver ဘက်မှာဝင်ထိုင်လိုက်ပြီး ခါးပတ်ကိုလည်းသေချာပတ်လို့ပေးပြန်သည်..
" စထွက်ပါပြီ "
" Go! "
" ကိုကို အိပ်ချင်အိပ်လေ "
" ဟင့်အင်းအပြင်တွေလျှောက်ကြည့်ချင်လို့ ခုလိုခရီးမထွက်ရတာတောင်ကြာပြီ "
" ကိုကို မုန့်စားမလား "
" အင်း စားမယ် "
" ခဏလေး ကိုကို ကျွန်တော်ယူပေးမယ် "
ကားကိုလမ်းဘေးခဏရပ်ကာ အနောက်ခန်းကနေ မုန့်ရယ်အအေးရယ်ယူပေးပြီးမှ ခရီးကိုရှေ့ဆက်သည်..
" ကိုကို သီချင်းနားထောင်မလား "
" ဖွင့်လေ "
တလမ်းလုံး ပါးစပ်က ကိုကို ဆိုတာကိုမချကာ Jeon တယောက် ကိုကို ဂါထာရွတ်နေတော့သည်..
သူတို့သွားတဲ့နေရာက အမျိုးသားဥယာဥ်လို့ခေါ်သည်..သူတို့လို ခရီးတိုလေးတွေထွက်တဲ့သူတွေအများအပြားရှိသလို တညတာ ကိုယ့်ရွက်ဖျဥ်တဲလေးတွေထိုးလို့ အိပ်ဆက်လို့ရသေးသည်.. အပျင်းပြေငါးမျှားခြင်းကိုလည်းလုပ်လို့ရသလို စက်ဘီးစီးခြင်းကိုလည်းလုပ်လို့ရသည်..
သူတို့လာတာက ကြားရက်ဖြင့်နေတာကြောင့် လူသိပ်များမနေနဲ့ သူတို့နှစ်ယောက်တဲထိုးလို့ထားတဲ့ ငါးမျှားလို့ရတဲ့နေရာလေးနဲ့နီးတဲ့နေရာမှာဆိုရင်ဖြင့် သူတို့နှစ်ယောက်ထဲသာ ရှိသည်..
YOU ARE READING
AFTER
Fanfiction🚨 Warning Fic 🚨 အသစ်မဟုတ်ပါ အရင် un လိုက်တာလေး ပြန်တင်ပေးတာပါ ဇာတ်လမ်းအပြောင်းအလဲက ကြားထဲမှာ အနည်းငယ်လောက်တော့ ရှိပါမည် ။