p17
နှစ်ယောက်သား ရေတွေစိုရွဲလို့ Kim ရဲ့အိမ်သို့ပြန်လာခဲ့ကြသည်.Kim ဟာ အရှေ့ကနေသူ့အခန်းရှိရာစီဝင်လို့သွားကာ Jeon ကအနောက်နေလိုက်လို့သွားသည်.." ကိုကို အိမ်ပြန်လိုက်ခဲ့မယ်မဟုတ်လား "
" ဟင့်အင်း "
တဖတ်လှည့်ကာ အကျီချွတ်နေရင်း ညင်းလိုက်တဲ့ Kim..Jeon ဟာအနောက်ကနေ Kim ကိုသိုင်းဖက်လိုက်ပြီး
" ပြန်လိုက်ခဲ့ပေးလို့မရဘူးလား ကျွန်တော် ကိုကို ကိုစိတ်မချဘူး "
" ကိုကို ဒီမှာနားနားနေနေ နေချင်သေးတယ်ကောင်လေး "
" ကောင်းပြီ ဒါဆို ကျွန်တော်လည်းမပြန်ဘူး "
" မင်းအလုပ်တွေက "
" ဗျာ "
" Hoseok Hyung ပြောပြလို့အကုန်သိထားပြီးပြီ "
" အဲ့ဒါအရေးမကြီးဘူး ကိုကို က.."
Kim ဟာ Jeon ရဲ့သိုင်းဖက်ထားတဲ့လက်ထဲကနေပဲ Jeon ဘက်ကိုမျက်နှာမှုလိုက်ကာ Jeon ရဲ့ကုတ်အကျီကိုအရင်ချွတ်ပေးလိုက်ပြီး အတွင်းက shirt အကျီကြယ်သီးလေးတွေကိုဖြုတ်ရင်း.
" အဖေကို နိုင်ချင်တယ်ဆိုလို့ရှိရင်ဒီထက်ကြိုးစားမှရမှာနော် "
" ကိုကိုသာအနားမှာရှိရင် နိုင်ငံကိုအုပ်ချုပ်တဲ့ သမ္မတတောင်ဝင်ရွေးခံဖို့အသင့်ပဲနော် "
" လေကတော့သိပ်ကြီးတယ်နော် ကိုကိုကအမြဲစောင့်ကြည့်နေမှာမလို့ မင်းဘယ်လောက်ထိလုပ်နိုင်သလည်းဆိုတာလက်တွေ့ပြရမှာ "
" ခုရော လက်တွေ့ပြချင်တာရှိတယ် ကြည့်မလား "
" အအေးပက်မယ်ရေသွားချိုးတော့ "
" ကိုကိုပါလာခဲ့ "
" အာ့ "
Jeon ဟာ Kim ရဲ့ကိုယ်လုံးလေးကိုပွေ့ချီကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်..
" ကိုယ့်ဘာသာအရင်ချိုးတော့ ကိုကိုအပြင်က ..."
Jeon ဟာ အပြင်ပြန်ထွက်ဖို့ကြိုးစားနေတဲ့ Kim ကိုတံခါးရှေ့ကနေပိတ်ရပ်လိုက်ပြီး လက်ကလေးနှစ်ဖက်ကိုဆွဲကိုင်ကာ လက်ခုံံလေးကို လက်မဖြင့်ပွတ်လို့..
YOU ARE READING
AFTER
Fanfic🚨 Warning Fic 🚨 အသစ်မဟုတ်ပါ အရင် un လိုက်တာလေး ပြန်တင်ပေးတာပါ ဇာတ်လမ်းအပြောင်းအလဲက ကြားထဲမှာ အနည်းငယ်လောက်တော့ ရှိပါမည် ။