19

598 67 5
                                    

မနက်အစောကြီးထကာ Youtube ကိုဖွင့်လို့ ထမင်းစားခန်းထဲတယောက်ထဲအလုပ်ရှုပ်နေတဲ့ Jeon..ထူးထူးဆန်းဆန်း သူနိုးလာတဲ့ချိန်မှာ ဘေးမှာ Jeon ရှိမနေတာကြောင့်ချက်ချင်းပဲကောက်ထကာ မျက်နှာသစ်လို့အိမ်အောက်ထပ်ဆင်းလို့လာတဲ့ Kim..ထမင်းစားခန်းထဲအလုပ်ရှုပ်နေတဲ့ Jeon ကိုလှမ်းမြင်လိုက်တော့မှပဲ စိတ်ပူတာလျော့သွားတော့ သည်..အဖေကိုနိုင်ချင်စောနဲ့ အစောကြီးအလုပ်တွေသွားပြီးလုပ်နေမှာကို သူစိုးရိမ်လို့လေ..အနောက်ကနေ ကျောပြင်ကျယ်ကြီးကိုမျက်နှာအပ်လို့ ခါးကိုဖက်လိုက်တဲ့ Kim.

" ကောင်လေး ​"

" ကိုကို နိုးပြီလား ခဏလေးနော် မနက်စာ ထမင်းနဲ့ ပဲပြားဟင်းရည်စားမလို့ချက်နေတာ ရတော့မယ် "

" Youtube ကြည့်ပြီးချက်နေတာလား ဘာလို့အပင်ပန်းခံနေတာလည်း ကိုကိုချက်ပေးမှာပေါ့ "

" ကျွန်တော်က အိမ်ထောင်ဦးစီးတာဝန်ယူထားပြီးပြီလေ ကိုကိုရဲ့အိမ်ထောင်ဦးစီးဖြစ်နေပြီလေ အိမ်ထောင်ဦးစီးတယောက်အနေနဲ့ ကိုယ့်ရဲ့ ချစ်ယောကျားကို မနက်စာချက် ကျွေးလို့မရဘူးလား ကိုကို "

ငါ့ရဲ့အိမ်ထောင်ဦးစီးလို့ပြောလိုက်မိတာနဲ့ပဲ ခုဆိုပါးစပ်ကနေအိမ်ထောင်ဦးစီးဆိုတာကိုမချတော့အောင်သူကိုလှည့်ကြည့်ကာပြောနေတဲ့ Jeon ကို အနောက်ကပါးပြင်လေးကို အနမ်းပေးလိုက်တဲ့ Kim.

" ရပါတယ် အိမ်ထောင်ဦးစီးလေးရယ် "

" ဟာကိုကို ဘာကိုအိမ်ထောင်ဦးစီးလေးလည်း အိမ်ထောင်ဦးစီးကြီးပဲရှိတာလေ "

" ကောင်လေးက ကိုကိုထက်ငယ်တယ်လေ "

" ဒါဆို ကိုကိုက အိမ်ထောင်ဦးစီးကြီးလို့အခြားခေါ်စရာရှိသေးတာလား "

" ကောင်လေးနော် "

" ဟားဟား ချစ်လို့စတာပါဗျာ ခုကစပြီး ကိုကို ကိုပဲယုံကြည်နေမှာမို့လို့ အရင်လိုမဖြစ်စေရတော့ဘူး "

" ဗိုက်ဆာလာပြီ မကျက်သေးဘူးလား "

ခေါင်းလေးစောင်းကာ ဗိုက်ဆာလို့ပြောနေတဲ့ နှုတ်ခမ်းလေးက ဆူထော်ထော်လေးဖြစ်ကာ အသဲယားဖို့ကောင်းနေတဲ့ Kim.

AFTERWhere stories live. Discover now