မနက်စောစောထဲက Daegu ကနေ ဆိုလ်းသို့ပြန်လာခဲ့တာ ဖြေးဖြေးခြင်းသာမောင်းပြီးပြန်လာတာကြောင့် အိမ်ကိုနေ့လည်လောက်မှသာရောက်သည်..အိမ်ရှေ့တံခါးမကြီးကိုဖွင့်လိုက်ချိန်အနောက်ကနေ Kim ရဲ့မျက်လုံးကို လက်ဖြင့်အုပ်လိုက်တဲ့ Jeon..
" ကောင်လေး "
" မှိတ်ထားနော်ကိုကို ကျွန်တော်ဆွဲခေါ်တဲ့အတိုင်းလိုက်ခဲ့ မျက်လုံးဖွင့်မကြည့်နဲ့နော် "
သူငယ်ချင်းသုံးယောက်ကိုအကူအညီတောင်းကာပြင်ဆင်ခိုင်းထားတဲ့ ကိတ်လေးတလုံးနဲ့ အနက်ရောင်ကျူးလစ်ပန်းစည်း
(အနက်ရောင်ကျူးလစ် အဓိပ်ပါယျက = မငျးရဲ့မှီခိုအားထားရာလေးဖွဈပါရစဆေိုတဲ့အဓိပ်ပါယျရပါတယျ)Jeon ဟာ ထိုပန်းစည်းကြီးကိုကိုင်ကာ Kim ရဲ့ရှေ့ဒူးထောက်ထိုင်လိုက်ပြီး Kim ကိုမျက်လုံးဖွင့်ကြည့်စေသည်..
" ကိုကို "
မျက်စိရှေ့အနက်ရောင်ပန်းစည်းကြီးကြောင့်အနည်းငယ်ကြောင်နေမိတဲ့ Kim.. ပုံမှန်ဆိုအဖြူရောင်ပန်းစည်းသာပေးကြတာများသည်..ခုကအနက်ရောင်ဖြစ်နေတာကြောင့်
" ကောင်လေး ပန်းက "
Jeon ဟာ Kim ကို အနကျရောငျကြူးလဈပနျးရဲ့အဓိပ်ပါယျလေးကိုပွောပွလိုကျမှသာလြှငျ သဘောတကျပြုံးလို့သွားတဲ့ Kim..
" ပန်းလေးအတိုင်း ကိုကို ရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့်ပေးပါ ကိုကို "
Kim ဟာ Jeon ကိုခေါင်းလေးညိတ်ပြကာလက်ခံလိုက်တော့မှ သူဝယ်လို့ထားတဲ့ လက်စွပ်လေးကို Kim ရဲ့လက်မှာ ဒုတိယအကြိမ် လက်ထပ်လက်စွပ်အဖြစ် ဝတ်ဆင်ပေးလိုက်ပြီး အပြန်အလည် လဲဝတ်လိုက်ကြသည်..
" ကိုကို ပြီးမှကိတ်ခွဲရအောင် ခုပင်ပန်းလာတော့ရေချိုးမလား ခဏနားမလား "
" ရေအရင်ချိုးလိုက်မယ် ကိုကို အပေါ်တက်တော့မယ်နော်"
" ဟုတ် ကျွန်တော် ကိတ်သိမ်းပြီးလိုက်ခဲ့မယ် "
Kim တယောက် အိမ်ပေါ်ထပ်သို့တက်လာကာသူတို့အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတာတွေကြောင့်အခန်းဝမှာတင် အခန်းအတွင်းသို့ကြောင်ကြည့်ရင်းရပ်နေမိသည်..ဒါကိုအနောက်ကရောက်လာတဲ့ Jeon..
YOU ARE READING
AFTER
Fanfiction🚨 Warning Fic 🚨 အသစ်မဟုတ်ပါ အရင် un လိုက်တာလေး ပြန်တင်ပေးတာပါ ဇာတ်လမ်းအပြောင်းအလဲက ကြားထဲမှာ အနည်းငယ်လောက်တော့ ရှိပါမည် ။