[Zawgyi]
Warning : This chapter contains strong language.
~•~•~•~•~•~•~•~•~•~
ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး လေထုကတော့နွေးထွေးနေခဲ့သည်။ ရွှီ... အုန်း၊ ကြောက်မက်ဖွယ်အသံပေး၍ ပျံသန်းလာသောဗုံးသံအား ကြားလိုက်ရပြီး ဟိုးအဝေးတစ်နေရာတွင် မီးတောက်မီးစများဖြင့် လင်းလက်သွားသည်ကိုမြင်လိုက်ရသော်လည်း ခေါင်းထဲသို့ မည်သည့်အတွေးမှ ဝင်မလာခဲ့ပေ။ မင်ဆော့သည် တစုံတယောက်၏လက်ကိုဆုပ်ကိုင်၍ အမှောင်ထုထဲတွင် အဆုံးမရှိ လှမ်းလျှောက်နေခဲ့သည်။ မိမိလက်အားဆုပ်ကိုင်ထားသောသူ၏ နောက်ကျောပြင်သည် မရင်းနှီးသော်လည်း မြင်ဖူးနေသည့်ကျောပြင်တစ်ခုပင်ဖြစ်သည်။ ဘယ်သွားနေတာလဲ.... ဟုမေးလိုက်သော်လည်း ထိုလူကဘာမှပြန်မဖြေခဲ့။ ကွဲထွက်လာသော ပေါက်ကွဲမှုများနှင့် စုပြုံကျလာသောကျည်ဆံများကြားမှ ဖြတ်သန်း၍ မီးအလင်းရောင်ခပ်မှိန်မှိန်သာဖွင့်ထားသော တစ်နေရာသို့ရောက်ရှိလာပြီးနောက် ခဏကြာသောအခါတွင်တော့ ခပ်တိုးတိုးအသံတစ်ခုကို ကြားလိုက်ရသည်။
ရောက်ပြီ၊ ဒီနေရာမှာ လုံခြုံမှာပါ။
မင်ဆော့သည် ရုတ်တရက်မြင်လိုက်ရသော မီးအလင်းရောင်ကြောင့် မျက်မှောင်များကိုကြုတ်၍ မျက်လုံးတို့ကို ခပ်မှေးမှေးဖွင့်လိုက်သည်။ ဘယ်သူပါလိမ့်... ထိုလူက နောက်ဆုံးတော့ တဖြည်းဖြည်းချင်း နောက်သို့လှည့်လာခဲ့သည်။ အဖြူရောင်အလင်းတို့ကြောင့် မျက်နှာအားကောင်းကောင်း မမြင်ခဲ့ရပေ။ ပါးလှပ်ကြမ်းတမ်းသော လက်ဖဝါးတို့က ဖြည်းဖြည်းချင်း မင်ဆော့၏ပါးပြင်တို့အား ပွတ်သပ်လာခဲ့သည်။ မျက်စိများ ကျိန်းစပ်နေသည့်ကြားမှပင် မင်ဆော့သည် ထိုလက်ဖဝါး၏အထိအတွေ့တို့အား သိပ်ကိုရင်းနှီးနေမိသည်ဟု တွေးလိုက်မိသည်။ တဖြည်းဖြည်းနှင့် ကြီးမားလာသော လင်းလက်တောက်ပသည့်အလင်းရောင်သည် သူတို့နှစ်ယောက်အား ခွဲထုတ်ရန်ကြိုးစားနေသကဲ့သို့ မင်ဆော့အားလွှမ်းခြုံလာခဲ့သည်။ ဟင့်အင်း... ဘယ်သူလဲဆိုတာ မသိရသေးဘူး၊ မင်ဆော့သည် နွမ်းလျစွာ လွှတ်ပေးလိုက်သော ထိုလက်များအား လှမ်းဆွဲလိုက်မိသည်။ ဘယ်သူလဲ... ဘယ်သူ...
KAMU SEDANG MEMBACA
Rainy Spell