[20]

4K 468 31
                                    

[Zawgyi]

အရေးပေါ်အခြေအနေဖြစ်ကြောင်း စခန်းတစ်ခုလုံးအား သတင်းထုတ်ပြန်လိုက်သည်။ ညနေ ၄နာရီလောက်တွင်ဖြစ်သည်။ အရေးပေါ်၊ ပစ္စည်းသိမ်းပြီး အထဲကိုဝင်ခဲ့။ မင်ဆော့သည် တုန်ရီစွာပြောလာခဲ့သော ချန်း၏ ဖြူဆုတ်နေသောမျက်နှာအား ပြန်မြင်ယောင်လာမိသည်။ ဘာတွေဖြစ်ကြတာလဲ ဟုပင်မမေးလိုက်နိုင်ခင် ချန်းကအခြားတစ်နေရာသို့ ပြေးထွက်သွားခဲ့သည်။ ရုတ်တရက်ကြီး နှလုံးခုန်သံတို့က ထိန်းမရအောင်ပင် ခုန်ပေါက်စပြုလာသည်။ ရပ်တန့်နေသလားမှတ်ယူရအောင် နှေးကွေးစွာလည်ပတ်နေခဲ့သောအချိန်တို့က ချက်ချင်းကြီးပင် လျင်မြန်စွာလည်ပတ်ကုန်ကြသည်။ မပြောပလောက်သည့်အရေအတွက်သာ ကျန်ရစ်ခဲ့သော စခန်းသားတို့က ရှိရှိသမျှလက်နက်များကို ဆွဲယူလာခဲ့ပြီး အဆောက်အဦအတွင်းတွင် စုဝေးလိုက်ကြသည်။ ထိုမြင်ကွင်းကိုကြည့်နေခဲ့သော မင်ဆော့သည် အဆောက်အဦ၏ ထောင့်တစ်ထောင့်တွင်ထိုင်၍ ကျောပိုးအိတ်လေးကိုသာ ရင်ဘတ်ထဲတွင် တင်းနေအောင် ပိုက်ထားမိသည်။ ရူဟန်များတစ်ခုခုဖြစ်နေလား ဟူသည့်အတွေး ခေါင်းထဲဝင်လာသည်နှင့် တပြိုင်နက် ခြေဖျားလက်ဖျားများ အေးစက်လာခဲ့သည်။ မဖြစ်နိုင်ပါဘူး၊ မင်ဆော့သည်ခေါင်းကိုခါယမ်းပစ်၍ ထိုအတွေးအား မောင်းထုတ်ခဲ့သည်။

ဆယ်ယောက်သောရဲဘော်တို့အား ဦးဆောင်၍ ထွက်သွားခဲ့သော လေးက နေမဝင်ခင်လေးတွင် တစ်ဦးတည်းပြန်ရောက်လာခဲ့သည်။

စခန်းဂိတ်ဝအစောင့်တစ်ယောက်ထံမှ သတင်းဝင်လာခဲ့သည်။ ဒုဗိုလ် စခန်းတွင်းရောက်ရှိ၊ စခန်းတွင်းရောက်ရှိ။ အစပထမ ထွက်သွားစဉ်က ဝင်လာခဲ့သောသတင်းနှင့် မဆိုစလောက်ကွဲပြားနေခဲ့သည်။ အရုဏ်ဦးထွက်သွားစဉ်တုန်းက သတင်းမှာ အဖွဲ့B ထွက်ခွာ ဟူ၍ဖြစ်သည်။ ချန်းသည် နမိတ်တွေမကောင်းဘူး ဟုဆိုကာ စခန်းအဝင်ဝအထိ ကိုယ်တိုင်ထွက်ကြိုခဲ့သည်။ မင်းဆော့နှင့်အတူ စခန်းသားနှစ်ယောက်သုံးယောက်တို့လည်း နောက်မှလိုက်လာကြသည်။ အခြေအနေမကောင်းသည်ကို သိနေသော်လည်း ပြန်ဝင်လာသည့်လူမှာတကယ်တမ်း လေးသာဆိုလျှင် မင်ဆော့တွင်လည်း သူ့ကိုတွေ့ရမှဖြစ်မည့်အကြောင်းများ ရှိနေခဲ့သည်။ မှောင်မိုက်စပြုလာသော တောအုပ်၏နွယ်ကိုင်းနွယ်ခက်များကြားမှ ပါးပါးလျားလျားအရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ခြေထောက်တစ်ဖက်အား တရွတ်ဆွဲလာရင်းပင်။

Rainy SpellOù les histoires vivent. Découvrez maintenant