Chapter 1

60.3K 1.9K 27
                                    

မှိုင်းညှို့ညှို့ ​ဆောင်းရာသီမှာ ကျွန်​​တော်​ အ​အေးဓာတ်​ကို ခံစားပြီးနိုးထရမယ့်​အစား ​နွေး​ထွေးစွာ နိုးထလာရသည်​! မျက်​လုံး​တို့ အပွင့်​ ဦးစွာ မြင်​ရတဲ့ ​တောင့်​တင်းတဲ့ ရင်​ဘတ်​တစုံ .......ကျွန်​​တော့်​ ခန္ဓာကိုယ်​တစ်​ခုလုံးကို ရစ်​သိုင်းထားတဲ့ သန်​မာတဲ့ လက်​​မောင်း​တွေ ကြားမှာ ကျွန်​​တော့်​ကိုယ်​​လေး မလူးသာ မလွန့်​သာ! ငြင်​သာတဲ့ ဝင်​​လေထွက်​​လေ​လေးက ကျွန်​​တော့်​ဆံပင်​​လေး​တွေကို လာတိုးတိုက်​​နေ​သေးသည်​! ကျွန်​​တော်​ ​ကွေး​ကွေး​လေး အိပ်​​နေလျှက်​က မြင်​​နေရတဲ့ ရင်​ဘတ်​ဆီကို လက်​ညိုး​လေးနဲ့ အသာ​ထောက်​လိုက်​ပြီး တိုးတိုးရွတ်​လိုက်​မိတယ်​!

"Kokonoe sama......"
"အင်း~ "
"အ...Ko..Ko..."

Kokonoe sama က သက်​ပြင်းတခုချပြီး ကျွန်​​တော့်​ကို ပိုတိုးဖက်​လိုက်​တယ်​! ရုတ်​တရက်​ သန်​မာတဲ့ လက်​​မောင်း​တွေကြားမှာ ကျွန်​​တော်​ အသက်​ရှုကျပ်​သွားသည်​! Kokonoe sama က နိုး​သေးပုံမ​ပေါ် ကျွန်​​တော့်​ကို ​ခေါင်းအုံးတစ်​ခုလို့ မှတ်​​နေပုံရသည်​! ကျွန်​​တော်​ ကိုယ်​​လေးကို အသာရုန်း​တော့ သူက လွတ်​ထွက်​သွားမှာစိုးသည့်​အလား ပိုတိုးဖက်​​လေသည်​! ကျွန်​​တော်​ရုန်းရင်းမှ သတိထားမိတယ်​ ကျွန်​​တော့်​ကို​ယ်​ပေါ်မှာ အုပ်​ထားတဲ့ ​စောင်​ကလွဲလို့ အကျီမရှိ! အခု​နေ ကျွန်​​တော့်​ ဝတ်​ရုံ​လေးက ကုတင်​ ​ဘေးမှာ ပုံလျက်​သား ကျ​နေမှာ​သေချာသည်​! အခုထိ ကျင့်​သားမရ​သေးတဲ့ ကျွန်​​တော့်​နှလုံးသားက ဒိတ်​ကနဲခုန်​သွားပြီး မျက်​နှာက ​နွေးကနဲပူလာတယ်​!မနက်​တိုင်း ချစ်​သူရင်​ခွင်​မှာ နိုးထလာရ​ပေမယ့်​ ရှက်​ရွံ့​နေဆဲ! ကျွန်​​တော်​ တတ်​နိုင်​သမျှကိုယ်​​လေးကို ကျုံ့ထားမိ​​တော့.........

"နိုး​နေတာကို မထ​သေးပဲ ဘာလုပ်​​နေတာလည်း Iori"
"အာ...Ko..Kokonoe sama က အတင်း....ဟို..."
"hummn ဘာလည်း?"

ရင်​ခွင်​ထဲဖွက်​ထားတဲ့ ကျွန်​​တော်​ မျက်​နှာဆီကို Kokonoe sama ရဲ့ နူးညံ့တဲ့ နှုတ်​ခမ်း​တွေ အကြားအလပ်​မရှိ​ရောက်​လာတယ်​!

Unbreakable (Zawgyi Version)Where stories live. Discover now