Chapter 3

16.6K 1.2K 5
                                    

သံတိုင်​​တွေကြားက Kokonoe ရဲ့ မျက်​လုံး​တွေက အခန်းဝကလှမ်းဝင်​လာတဲ့သူကို မြင်​လိုက်​တဲ့တခဏ စူးရှလို့သွားတယ်​!

"Ho~ အခုကြ​တော့လည်း သံတိုင်​ကြားမှာ ​​ခွေး​ပေါက်​စ​လေးလိုပါပဲလား Kokonoe sama!"

Kokonoe က Aragami ရဲ့ အ​ထေ့အ​ငေါ့စကား​တွေကို ဂရုစိုက်​ဟန်​မပြပဲ လက်​ထဲက ယပ်​​တောင်​ကို ​အေး​အေးလူလူခပ်​​နေ​လေသည်​! Kokonoe အမူအရာ​ကြောင့်​ Aragami ​ဒေါသပိုထွက်​လာတယ်​!

"အဟက်​ ခဏ​နေလို့ Daikaku sama ​ရောက်​လာရင်​ ဒီလိုအမူအရာ ဆက်​​နေနိုင်​မလား သိချင်​​သေးတယ်​"
"ဒီမှာ Aragami မင်း ကိုယ့်​ကိုကိုယ်​ သိပ်​ထင်​​နေတာမျိုးက မင်းအတွက်​ သိပ်​​တော့မ​ကောင်းဘူးကွ"
"ဘာ!!!!!!!!!! ဒီမှာ ​မြေ​ခွေးအိုကြီး ခင်​ဗျားလည်း ကိုယ့်​ကိုယ်​ကို အထင်​ကြီး​နေတာ ​လျှော့သင့်​ပြီ အ​ခြေအ​နေ​တွေက အရင်​လိုမှ မဟုတ်​​တော့ပဲ ကိုယ့်​ကိုကိုယ်​ အပြစ်​သားဆိုတာလည်းသတိရအုံး! "

Aragami စကားအဆုံးမှာ Kokonoe နှုတ်​ခမ်းတို့က တွန့်​​ကွေးသွားတယ်​!

"​အဟက်​ ခင်​ဗျားဒီလို ပြုံးနိုင်​အုံးမလား​စောင့်​ကြည့်​ရ​သေးတာ​ပေါ့ Kokonoe sama ! လူ​သား​တွေကို မုန်းတယ်​ဆိုပြီး လူသား​ကောင်​​လေးတစ်​​ယောက်​ကို ချစ်​မိ​နေတဲ့ ခင်​ဗျား ဒီထက်​ပြုံးနိုင်​အုံးမလားလို့​လေ ! ကျုပ်​က​တော့ ကိုယ်​နဲ့အဆင့်​ချင်းမတူတဲ့ လူသား​တွေကို ကစားစရာတစ်​ခုအပြင်​ ပိုမမြင်​တတ်​ပါဘူး "
"မင်း!!!"

သံတို​င်​​တွေကြားက Kokonoe ရဲ့ ပတ်​ပတ်​လည်​မှာ အပြာ​တောင်​မီး​တောက်​ကြီး​တွေ ဟုန်းကနဲ​တောက်​လာတယ်​ ! သံတိုင်​​တွေ တကျွတ်​ကျွတ်​မြည်​လာပြီး မကြာခင်​အ​ရည်​​ပျော်​သွား​တော့မလိုပဲ....

"​နောက်​ဆုတ်​စမ်း Aragami!!"

ရုတ်​တရက်​ ထွက်​​ပေါ်လာတဲ့ သြဇာ​ညောင်းတဲ့ အသံနဲ့တူ ​လေပြင်းတချက်​အ​ဝှေ့မှာ Kokonoe ရဲ့ အပြာ​ရောင်​မီး​တောက်​​တွေက ဟုတ်​ခနဲငြိမ်းလို့သွားပြီး Kokonoe ရဲ့ ​ခြေ​ထောက်​​တွေ ညွှတ်​ကျသွားသည်​!

"အ~"

အခန်းမ​ဆောင်​ထဲလှမ်းဝင်​လာသူက..... ​ရွှေဝါ​ရောင်​ဆံနွယ်​ရှည်​​တွေ... အစိမ်း​ရောင်​ မျက်​ဝန်း​တွေနဲ့......ဖြူလွှလွှကီမိုနို​ပေါ်မှာ ​ဖောင်းကြွ​နေတဲ့ အစိမ်း​ရောင်​ နဂါးပုံရိပ်​ပါတဲ့ ဝတ်​ရုံကို ဝတ်​ဆင်​ထားတဲ့.......

Unbreakable (Zawgyi Version)Where stories live. Discover now