Unexpectable [ Iwaki × Tenri ] side story part 1

13.1K 926 104
                                    

ပင်​လယ်​ ပြာပြာ ၊ ​ကောင်းကင်​ ပြာပြာ တ​လောကလုံးကို အပြာ​ရောင်​​တွေနဲ့ချည်း လွှမ်းခြုံထားခဲ့ရာက မကြာခင်​ ကမ်းကပ်​​တော့မည်​မို့ ခပ်​​ဝေး​ဝေးက မှိုင်းညို့ညို့ အမိ​မြေကို လှမ်းမြင်​​နေရပြီဖြစ်​သည်​! သ​ဘောင်္ကုန်းဘတ်​​ပေါ်တွင်​ လူအများက မြင်​​နေရတဲ့ ကမ်း​ဆီ လှမ်း​မျှော်​ကြည့်​ရင်း စကားသံတို့ ဆူညံ​နေတယ်​ !

န​ဘေးက လက်​ဆွဲ​သေတ္တာကို ​ကောက်​ဆွဲက Iwaki ထရပ်​လိုက်​တယ်​ ! ကာလရှည်​ကြာ ခွဲခဲ့ရတဲ့ အမိ​မြေကို ခပ်​​ဝေး​ဝေးက လှမ်းမြင်​ရုံနဲ့ Iwaki ရင်​ခုန်​မြန်​လာသည်​! ဝတ်​ထားတဲ့ ကုတ်​အကျီကို အသာဆွဲချရင်း ခုန်​မြန်​​နေတဲ့ နှလုံးကို ငြိမ်​လိုငြိမ်​ငြား  အသက်​ကို ပြင်းပြင်းရှုသွင်းလိုက်​တယ်​ !

လေထု .....

ရှုသွင်းလိုက်​တဲ့ ​လေထုထဲ ချယ်​ရီရနံ့​တွေပါလာသလိုပဲလို့ အာရုံထဲ ထင်​မိ​အောင်​ကို အမိ​မြေကို Iwaki လွမ်း​နေခဲ့သည်​! အဲ့ဒီ့​နောက်​ ဒီနှစ်​ သတ္တပတ်​လုံး စိတ်​နှလုံးတစ်​ခုလုံးကို ဖုံးလွှမ်းထားခဲ့တဲ့ အမိ​မြေတစ်​​နေရာက ခရမ်း​ဖျော့​ရောင်​​လေးကိုလည်း ​တွေ့ချင်​လှပြီဖြစ်​သည်​!

__________ Unexpectable ___________

"Kokonoe sama ဒါ ဒီ​နေ့ အစည်းအ​ဝေးပွဲ မှာ တင်​ပြဖို့ အ​ကြောင်းအရာ​တွေပါ ! ​မြောက်​ပိုင်းအ​ရေးကို Izanagi sama က ​စေ့​စေ့ဆိုင်​ဆိုင်​​ဆွေး​နွေးမယ်​လို့ပဲ ဆုံးဖြတ်​ထားတဲ့အတွက်​ ​ဆွေး​နွေးပွဲမှာ တက်​​ရောက်​ဖို့ ဖိတ်​ရမယ့်​ လူစာရင်းကို ကျွန်​​တော်​ ပြုစုထားပါတယ်​ !"

"​အေး ​ကောင်းပြီ Tenri ! ဒါနဲ့ မင်း​ရောဘယ်​လိုထင်​လည်း ? ငါက​တော့ ဒီ​ဆွေး​နွေးပွဲကို အရာထင်​မယ်​လို့ကို မထင်​တာ ! တခါတခါ Izanagi sama က ဘာ​တွေ​တွေးမှန်း မသိဘူး ! ​စေ့ဆိုင်​​ဆွေး​နွေးလို့ အ​ဖြေထွက်​လာမှာ မဟုတ်​မှန်း သိသားနဲ့ကို ..."

Kokonoe က Tenri ​ပေးတဲ့ စာရွက်​လိတ်​က နာမည်​စာရင်းကို တချက်​ကြည့်​ရင်း မ​ကျေမနပ်​​ပြော​နေတယ်​ ! သူ့အ​နေနဲ့ စားပွဲဝိုင်းထိုင်​​ဆွေး​နွေးတာမျိုးကို အင်​မတန်​ စိတ်​မရှည်​သလိုပဲ!

Unbreakable (Zawgyi Version)Where stories live. Discover now