Unexpectable [ Iwaki × Tenri ] side story part 5

10.6K 904 182
                                    

" သူက....Shijou ​ကောင်​​လေးမဟုတ်​လား? ဘယ်​လိုဖြစ်​လို့ မင်း​နောက်​လိုက်​လာ...."

"သူက Iori မဟုတ်​ဖူး !"

"ဟမ်​? ဘယ်​လို ဘယ်​လို ! မဖြစ်​နိုင်​တာ သူက Shijou ​ကောင်​​လေးဆိုတာ ​သေချာ​နေတာပဲကို ! ဘာလို့ ...."

" သူက Shijou ​ကောင်​​လေး​တော့ ဟုတ်​တယ်​ ဒါ​ပေမယ့်​ Iori မဟုတ်​ဖူး !"

"ဟင်​ ? ဒီလို တပုံစံထဲ Shijou ​ကောင်​​လေး​တွေ ဘယ်​နှစ်​​ယောက်​​တောင်​ ရှိ​နေတာလည်း?"

Iwaki နားထဲ ကြား​နေရတဲ့ တိုးတိုး တိုးတိုး အသံ​တွေ ! အသံ​တွေဟာ ဟိုးအ​ဝေးကြီးက လာ​နေသလိုလို ထင်​မိစဉ်​မှာပဲ အနီးနားကပ်​ကြားလိုက်​ရပြန်​သလိုလို ! အသံ​တွေဟာ ​ဝေးသွားလိုက်​ နီးလာလိုက်​ ! ဘယ်​သူ​တွေလည်း ? ဘာ​တွေ​ပြော​နေကြတာလည်း ? Iwaki ဘာကိုမှ မည်​မည်​ရရ မ​တွေး​တောနိုင်​​သေး ! သူ့ရဲ့ ပိတ်​ကျ​နေတဲ့ မျက်​လုံး​တွေကို ဖွင့်​နိုင်​စွမ်း မရှိ​သေးသည့်​အပြင်​ သူ့တကိုယ်​လုံးက လှုပ်​ရှားမရ​အောင်​ ထုံထိုင်း​နေသလိုပင်​ !

တီးတိုးသံ​တွေဟာ ​ဝေးသွားလိုက်​ ပိုနီးလာလိုက်​နဲ့ ​နောက်​ဆုံး ​ပျောက်​ကွယ်​သွားပြန်​သည်​ ! Iwaki တစ်​​ယောက်​ အ​မှောင်​တိုက်​တစ်​ခုထဲမှာ ပိတ်​မိ​နေသလို ခံစား​နေရတယ်​ ! ဒါဘယ်​​နေရာလည်း ? အယုတ်​စွဆုံး သူဘာဖြစ်​ခဲ့တာလည်း ဆိုတာကို ပြန်​စဉ်းစားဖို့ မတတ်​နိုင်​​သေးသလိုလို ! သူ့ရဲ့ ထုံထိုင်း​နေတဲ့ ခန္ဓာကိုယ်​ဟာ  ရုတ်​တရက်​​အေးခဲလာသလိုပဲ !

အ​မှောင်​ထုက သူ့ကို တဖြည်းဖြည်း စုပ်​ယူဝါးမြိုသွားသည်​ချည်း Iwaki ထင်​​နေတယ်​ ! သူဟာ သူမမှတ်​မိနိုင်​တဲ့ ဘဝတစ်​ခုက​နေ ထာဝရ ​ပျောက်​ကွယ်​သွားမည့်​ အ​ခြေအ​နေမျိုး ... သူရဲ့ တည်​ရှိမှုဟာ မည်​သူ့ရဲ့ မှတ်​ဥာဏ်​အတွင်းမှာမှ ကျန်​မ​နေခဲ့​တော့ပဲ ​ပျောက်​ကွယ်​သွား​တော့မလိုမျိုး ခံစား​နေရတယ်​ !

မျက်​ခွံ​တွေဟာ ​ကျောက်​ဆိုင်​​ကျောက်​သားပမာ ​အေးစက်​​တောင့်​တင်း​နေပြီး ဖွင့်​နိုင်​ပိတ်​နိုင်​စွမ်းတဲ့ အ​ကျောဆိုင်​​တွေဟာ ​တောင့်​တင်း​အေးခဲကာ ဆိုင်းသွားကုန်​ပြီထင်​သည်​ !

Unbreakable (Zawgyi Version)Tahanan ng mga kuwento. Tumuklas ngayon