Chapter 11

12.3K 1.2K 61
                                    

"Ama no Iwato ကို သွားမယ်​ဆိုတဲ့ ဆုံးဖြတ်​ချက်​ကို ပြန်​ပြင်​သင့်​တယ်​ Shijou Iori"

"ကျွန်​​တော်​ မပြင်​နိုင်​ဘူး"

သခင်​မရှိတဲ့ တိတ်​ဆိတ်​တဲ့ ​တောအုပ်​ရဲ့ အဝင်​ တံခါးမုတ်​​ပေါက်​ဝမှာ Daikaku sama က ကျွန်​​တော့်​ကို နားချ​နေသည်​!

"Shijou Iori ! Ama no Iwatoကို မင်းက ဘယ်​လို​နေရာထင်​လို့လည်း? အဲ့ဒီ့​နေရာဟာ လူသာမန်​မ​ပြောနဲ့ Kami sama ​တွေ​တောင်​ သွားဖို့လွယ်​ကူတဲ့​နေရာမဟုတ်​ဖူး ! ​နောက်​ပြီး မင်းသွားလို့ တခုခုဖြစ်​ရင်​ Kokonoe မင်းအတွက်​ ပြစ်​ဒဏ်​​တွေခံခဲ့တာ အချည်းအနှီး ဖြစ်​မှာပဲ ! ​သေချာစဉ်းစားစမ်းပါ ! Kokonoe က ဘာအ​ကျိုးအမြတ်​မှ မရှိပဲ တသက်​လုံး ပိတ်​​လှောင်​ခံရ​တော့မယ်​!"

"Kokonoe sama ကို ကျွန်​​တော်​ရ​အောင်​ကယ်​ထုတ်​မယ်​! အဲ့ဒီ့​နေရာကို ကျွန်​​တော်​​ရောက်​​အောင်​သွားမယ်​ ! တကယ်​လို့ ကျွန်​​တော်​ လမ်းမှာ အသက်​ဆုံးရှုံးသွား​တောင်​ ကျွန်​​တော့်​ဝိဥာဉ်​ဟာ ​ရောက်​​အောင်​သွားမှာပဲ"

Daikaku ​ခေါင်းရမ်းလိုက်​တယ်​ ! မျက်​လုံး​ရှေ့က လူသားရဲ့ မိုက်​ရူးရဲဆန်​တဲ့ ​ခေါင်းမာမှုကို သူနားချဖို့ မတတ်​နိုင်​​တော့သလိုပဲ! အခု သူ့​ရှေ့မှာ ဒုတိယ Kokonoe ကို မြင်​​နေရသလို ခံစား​နေရသည်​!

"မင်းတို့နှစ်​​ယောက်​ သိပ်​တူလွန်းတယ်​"

"ဗျာ?"

"ရူးတာ​လေ အရူး​တွေ!"

ကျွန်​​တော်​ပြုံးလိုက်​မိတယ်​ ! Daikaku samaရဲ့ မျက်​နှာမှာ သူ့သူငယ်​ချင်း Kokonoe sama အတွက်​ ခံပြင်းမှု မချင့်​မရဲဖြစ်​မှု စိုးရိမ်​စိတ်​ပူမှု တို့က အထင်းသား​ပေါ်လွင်​​နေသည်​!

"Daikaku sama တစ်​ခု​လောက်​​တောင်းဆိုပါရ​စေ"

"ဘာလည်း?"

"ဒီအ​တောအတွင်း Tenri ကို ​စောင့်​​ရှောက်​​ပေးပါ"

ကျွန်​​တော်​ ရင်​ခွင်​ထဲပိုက်​ထားတဲ့ အဖြူဆွတ်​ဆွတ်​​ကြောင်​​လေးကို Daikaku samaဆီ ထိုး​ပေးလိုက်​တယ်​! ​ကြောင်​​လေးက တ​ညောင်​​ညောင်​ ​အော်​ရင်း မသွားချင်​တဲ့ပုံနဲ့ ကျွန်​​တော့်​ဝတ်​ရုံကိုဆွဲကုတ်​ထားတယ်​!

Unbreakable (Zawgyi Version)Where stories live. Discover now