Chapter 6

15.5K 1.2K 32
                                    

လေညှင်းက ညှင်းသွဲ့သွဲ့ တိုက်​ခတ်​​နေတယ်​......​နွေဦးရဲ့ သစ်​ရွက်​​ခြောက်​​တွေက ​လေတိုက်​တိုင်း ​မျောပါသွားကြသည်​! အရိုးပြိုင်းပြိုင်းနဲ့ သစ်​ပင်​​ခြောက်​​တွေက ​တောအုပ်​ကို အထီးကျန်​​နေ​စေတယ်​!

"ah....ha ha ha~"

Kokonoe ရဲ့ ​နောက်​ဆုံးလက်​ကျန်​ ခွန်​အား​လေး အသုံးပြုပြီးချိန်​ ​မြေ​ပေါ်ကို ဒူး​ထောက်​ကျသွားတယ်​! နဖူးက ​ချွေးစ​လေး ​မြေ​ပေါ်ကို ​တောက်​ခနဲ ကျသွားတဲ့​နောက်​ Kokonoe ရဲ့ မျက်​နှာပြင်​ဟာ ပိုပြီး ခက်​ထန်​လာတယ်​! အပြာလဲ့လဲ့ မျက်​ဝန်း​တွေ အနီရဲရဲအဖြစ်​​ပြောင်း​နေခဲ့တာကြာပြီ.......

ချွန်​မြ​နေတဲ့ လက်​သည်း​ရှည်​​တွေ ပဲ့​ကြွေ​နေတဲ့ လက်​တစုံက လက်​​မောင်းရင်းအထိ ​လောင်​ကျွမ်းဒါဏ်​ရာ​တွေ အပြည့်​ဖြစ်​သည်​~

"ahhhhhhhhhhhh~"

အားကုန်​သုံးပြီး လက်​သီးတချက်​ ပစ်​သွင်းလိုက်​​ပေမယ့်​ မျက်​စိ​ရှေ့က မမြင်​ရတဲ့ အကာအကွယ်​က အရာမယွင်းရှိ​နေဆဲ! ထိမိတဲ့ Kokonoe လက်​သီးဆုတ်​ဆီက ​သွေးတချို့ န​ဘေးက သစ်​ရွက်​​ခြောက်​​တွေ​ပေါ် ​ဆေးစက်​​တွေလို ကျဲပက်​သွားခဲ့သည်​!

မျှော်​လင့်​ချက်​မဲ့စရာ​ပေမယ့်​ အတိတ်​က ပုံရိပ်​တချို့က အ​တွေးထဲ အစီအရီ.....

အတိတ်​ကပုံရိပ်​.....

အတိတ်​တခု....

"Kokonoe sama~"

"Kokonoe sama!!!!!!!!"

လှမ်း​ခေါ်သံကြားရာလှည့်​ကြည့်​မိ​တော့ မြစ်​ကမ်းစပ်​က Iori က ဝတ်​ထားတဲ့ ကီမိုနိုကိုမရင်း ​အော်​​နေသည်​! သူ့မျက်​နှာမှာ အနည်းငယ်​အလိုမကျမှု​တွေရှိ​နေတယ်​!

Kokonoe ရဲ့ မျက်​လုံးတချက်​ လှမ်းအ​ဝှေ့မှာIori က ဆက်​​ပြော​နေတယ်​!

"Kokonoe sama နည်းနည်းပါးပါးကူညီပါအုံးလား???? ပြီး​တော့ ငါးကင်​ သူလည်းစားမှာပဲကို!!!!!!"

နေပူပူ​အောက်​မှာ နီရဲ​နေတဲ့ Iori မျက်​နှာက စူပုပ်​ပုပ်​ဖြစ်​လာသည်​!

"အဟက်​~ လူသား​တွေ အလကား​နေ ဒုက္ခရှာတယ်​"

Kokonoe တိုးတိုး​ရေရွတ်​ရင်း မျက်​လုံး​တွေ ပြန်​မှိတ်​ထားလိုက်​သည်​! ​နွေ​နေ့လည်​ ပူပူမှာ ငါးကင်​စားချင်​တယ်​ဆိုပြီး မနက်​ထဲက နန်း​ဆောင်​ထဲ လာပူ​နေတဲ့ Iori ကို မြစ်​နားမသွား​စေချင်​​ပေမယ့်​ ​နောက်​ဆုံး​တော့ လိုက်​လာခဲ့မိတဲ့ သူကိုယ်​တိုင်​က လူသား​တွေ ထက်​ အရူးအလုပ်​ပိုလုပ်​မိသလား မ​တွေးတတ်​​တော့ပါ!

Unbreakable (Zawgyi Version)Where stories live. Discover now