Halloween Party - part 2

13.9K 1K 152
                                    

တောတွင်းက Halloween ပါတီပွဲလေးကို ရေကန်ဘေးက နားနေဆောင်မှာ ကျွန်တော်တို့ကျင်းပကြတယ်! နေ့လည်ထဲက ရေကန်ဘေးတဝိုက် ကျွန်တော်တို့အလှဆင်ထားတဲ့ ဖရုံသီး မီးပုံးတွေဟာ ညအမှောင်မှာ တလက်လက်တောက်နေသည်!

စားပွဲဝိုင်းမှာ ပြင်ဆင်ထားတဲ့ ရွှေဖရုံသီးကိတ်မုန့်တွေကိုတော့ Kokonoe sama အကြိုက်ဆုံးဖြစ်ပုံရတယ်! သူ့ပန်းကန်ထဲ အထပ်လိုက် ကောက်ထည့်ထားလေသည်!

Daikaku sama ကတော့ ဝိုင်တွေကြိုက်သည်လားမသိ ! Kaname ကို ခဏခဏငှဲ့ခိုင်းကာ တဇွတ်ဇွတ်သောက်နေတယ်! Kaname ခမျာ သခင်ကိုလည်း မလွန်ဆန်ရဲ စိုးလည်းစိုးရိမ်စွာနဲ့ ဝိုင်ကို ငှဲ့ရမလား မငှဲ့ရမလား ဖြစ်နေပုံရသည်!

Iwaki နဲ့ Tenri ကတော့ ရေကန်ဘေး ခုံတန်းလျားမှာထိုင်ရင်း အခုထိ တကျက်ကျက်ဖြစ်နေဆဲ ! မျက်နှာမှာနီရဲနေဆဲ ခြစ်ရာတချို့နဲ့  Iwaki ဟာ ဒေါသတကြီးဖြစ်နေဆဲ Tenri ကို ပြုံးကြည့်နေတယ်! သူ့ကြည့်ရတာ Tenri ကို စိတ်ဆိုးအောင်လုပ်ရတာကို ပျော်နေပုံရသည်!

"Iori ဘာတွေ တပြုံးပြုံးလုပ်နေတာလည်း?"

"ဟီး .. ဟိုမှာလေ Kokonoe sama ! Iwaki nii san သူ Tenri ဘေးမှာ ရှိနေရတာ ပျော်နေပုံရတယ်!"

Kokonoe sama က ကျွန်တော်ညွှန်ပြတဲ့ ဖက်ကို တချက်လှမ်းကြည့်တယ်!

"Kokonoe sama ! တကယ်လို့ ... တကယ်လို့ သူတို့နှစ်ယောက်က ချစ်တယ်ဆိုရင် Kokonoe sama Tenriကို ခွင့်ပြုပေးမှာလား?"

"ဘာလို့ ငါ့ကို မေးတာလည်း Iori"

"Tenri က Kokonoe sama တပည့်ဆိုတော့...."

"တကယ်တမ်းက Tenri ပေါ်မှာပဲ မူတည်တာပဲ"

"ဒါပေမယ့် လူသားတွေနဲ့ spirit တွေနဲ့ အတူရှိဖို့ဆိုတာကလည်း....."

"မင်းနဲ့ငါတောင် အတူရှိနေနိုင်တာပဲ Iori ! တကယ်က သူတို့နဲ့ပဲ ဆိုင်ပါတယ်"

Kokonoe sama မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးတစ်ခုရှိတယ်!

ကျွန်တော် နားလည်မိလိုက်သည်! တကယ်သာချစ်ရင် ဘာမဆို ကောင်းကောင်းကျော်ဖြတ်သွားနိုင်မှာပဲလေ! Iwaki nii san လည်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်!

Unbreakable (Zawgyi Version)Where stories live. Discover now