Special Extra : Kokonoe sama and Birthday Party

18.6K 1.1K 207
                                    

Hi mina san........

Hello everyone......😜

ဟီး ဘာမှ​တော့မဟုတ်​ ... ​လေနည်းနည်း ​ပေါခွင့်​ပြုပါ....

ဒီလိုပါ အခု ဒီ LN ​လေးက ​နောက်​ နှစ်​ပိုင်း​လောက်​ဆို ပြီး​တော့မှာဆို​တော့...​နောက်​ပြီး စကတည်းကလည်း Kokonoe နဲ့ Iori က ကွဲ​နေရပြီး ပြန်​​တွေ့​တော့လည်း ခဏ​လေးပြန်​ကွဲ *( တကယ်​​တော့ ကျွန်​​တော့်​ အပြစ်​ပါပဲ ရွှတ်​...😭😭😭)* .... အဲ့​တော့ကာ လွမ်းလာတယ်​​ပေါ့​နော်​...အဲ့​တော့ အခု ဒီextra ကို ​ရေးပလိုက်​တယ်​ ..... အဓိက က အဲ့ဒါ ဟီး .....ဒါ​လေးက extra part ဖြစ်​တဲ့အတွက်​ main story နဲ့ ပတ်​သတ်​မှုမရှိပါဘူး.....​နောက်​ပြီး ဒီထဲမှာပါတဲ့ ဇာတ်​​ကောင်​​တွေကို ​ပျော်​​ပျော်​ပါးပါး ပါတီ​လေးတစ်​ခု ဆင်​နွှဲ​စေချင်​တာ​ကြောင့်​ ​ရေးတဲ့ အပိုင်း​လေးဖြစ်​ပါတယ်​ ...အားလုံးလည်း အတူတူပါဝင်​​ပျော်​ရွှင်​ကြရ​အောင်​ပါ....

Please enjoy 😊😊😊

🎉🎉🎉🎉🎉🎉🎉

မနက်​ဖြန်​.....

ကျွန်​​တော့်​​မွေး​နေ့.....

ကျွန်​​တော်​ Kokonoe samaရဲ့ အရိပ်​အာဝါသ​အောက်​ကို ​ရောက်​ပြီးအချိန်​ကစလို့ ​မွေး​နေ့​တချို့ ဖြတ်​သန်းခဲ့ပြီး​ပေမယ့်​ တခါမှ ​မွေး​နေ့ပွဲ​လေး မှတ်​မှတ်​ရရ မကျင်းပရ​သေးဘူး! ကျွန်​​တော့်​ စိတ်​ကူးထဲမှာ Kokonoe samaနဲ့ အတူတူ ကျွန်​​တော့်​​မွေး​နေ့​လေးကို ကျင်းပဖူးချင်​မိတယ်​!

ကိတ်​မုန့်​တူတူခွဲပြီး Happy Birthday သီချင်းကို တူတူဆိုရင်း Kokonoe sama ဆီက ကြားရမယ့်​ ​မွေး​နေ့ဆု​တောင်းစကား.....

တကယ်​လို့ လက်​​ဆောင်​​တွေပါ ပါဝင်​​သေးရင်​ Kokonoe sama က ကျွန်​​တော့်​ကို ဘယ်​လို လက်​​ဆောင်​မျိုး ​ပေးမှာလည်း......

အ​တွေးနဲ့တင်​ ကျွန်​​တော့်​ပါးပြင်​ဟာ ပူ​နွေးလို့လာသည်​!

တကယ်​တမ်းက​တော့.....

အလုပ်​အရမ်းများပြီး လူသားမဟုတ်​တဲ့ Kokonoe sama ဟာ ကျွန်​​တော့်​အလိုလိုက်​ ​မွေး​နေ့ပွဲကျင်းပ​ပေးဖို့ဆိုတာ ကမ္ဘာကို ​ပြောင်းပြန်​လည်​​အောင်​လုပ်​ရတာထက်​ ခက်​မည်​ထင်​သည်​!

Unbreakable (Zawgyi Version)Where stories live. Discover now