Chapter 10

12.5K 1.2K 71
                                    

ထည်​ဝါတဲ့ တိုင်​လုံး​တွေနဲ့ ခန်းမ​ဆောင်​ဟာ ကျွန်​​တော်​ မြင်​ဖူးသမျှထဲမှာအခန်းနားဆုံးပဲ!

ကြီးမားတဲ့ တံခါးမုတ်​​ပေါက်​ဝမှာ ရပ်​​နေတဲ့ Tenri ရဲ့​ကျောပြင်​​နောက်​က​နေ တစွန်းတစ လှမ်းမြင်​ရတဲ့ ခန်းမ​ဆောင်​ထဲမှာ အ​ရောင်​အ​သွေးမတူတဲ့ ပိုးဖဲ ကီမိုနို​တွေ ဝတ်​ဆင်​ထားတဲ့ ပုံစံအမျိုးမျိုးကွဲပြားတဲ့ Kami sama (god) ​တွေကို ​တွေ့ရသည်​!

ခန်းမ​ဆောင်​ထဲမှာ ရာထူးအလိုက်​ အဆင့်​အလိုက်​ ​နေရာအသီးသီးမှာ ​နေရာယူထားတဲ့ Kami sama ​တွေရဲ့ အရှိန်​အဝါ​ကြောင့်​ သာမန်​လူသားဖြစ်​တဲ့ ကျွန်​​တော့်​ အ​နေနဲ့ ​​မှေးမိန်​ကွယ်​​ပျောက်​သွားလု မတတ်​ ခံစား​နေရသည်​!

အလယ်​​လျှောက်​လမ်းဆီအကြည့်​အ​ရောက်​မှာ  ကျွန်​​တော်​ နှလုံးသားက လျင်​မြန်​စွာ ခုန်​​ပေါက်​လာတယ်​!

အပြာနု​ရောင်​ ကီမိုနို ​၊ ​ငွေမှင်​​ရောင်​ ဆံနွယ်​ရှည်​​တွေနဲ့ Kokonoe sama ဟာ အမြဲတ​စေ ခန့်​ညားထည်​ဝါ​နေဆဲပဲ!

ကျွန်​​တော့်​မျက်​လုံး​တွေ Kokonoe sama ရဲ့ သူငယ်​အိမ်​ကျဉ်းရှည်​ရှည်​ အပြာနု​ရောင်​မျက်​ဝန်း​တွေနဲ့ ဆုံ​တွေ့တဲ့တခဏ Kokonoe sama ရဲ့ မျက်​ခုံး​တွေ တွန့်​​ကွေးသွားတယ်​!

သံစဉ်​မကျခုန်​​နေတဲ့ ကျွန်​​တော့်​ နှလုံးက လန့်​ဖြန့်​ခုန်​​ပေါက်​ထွက်​​တော့မလိုဖြစ်​လာသည်​!

**Kokonoe sama ​တောင်းပန်​ပါတယ်​ ! ကျွန်​​တော်​ ဒီတိုင်းဘာမှ မသိလိုက်​ပဲ Kokonoe sama ​ပျောက်​ကွယ်​သွားမှာမျိုး​တော့ မခံချင်​ဘူး**

မျက်​လွှာချရင်း ​ရေရွတ်​မိတဲ့ စိတ်​တွင်းစကားကို Kokonoe sama ကြား​စေချင်​မိသည်​!

"ညီလာခံမှာ ငါကိုယ်​​တော့်​အမိန့်​ကို ကြားဖျက်​ဝင်​ရောက်​ ဆီးတားတဲ့ အတင့်​ရဲတဲ့သူဟာ ဘယ်​သူလည်း????"

ံသြဇာနဲ့ ပြည့်​စုံတဲ့ အသံလာရာဆီ ကျွန်​​တော်​ မဝင့်​မရဲ လှမ်းကြည့်​မိ​တော့ ခန်းမ​ဆောင်​အလယ်​က အမြင့်​ဆုံး​နေရာမှာထိုင်​​နေတဲ့ ​ရွှေဝါ​ရောင်​ဝတ်​ရုံနဲ့ သူကို လှမ်းမြင်​ရသည်​!

Unbreakable (Zawgyi Version)Where stories live. Discover now