Chapter 12

11.7K 1.1K 102
                                    

တောအုပ်​က ထင်​ထားတာထက်​ ပိုအုပ်​ဆိုင်းတယ်​! ​နေ​ရောင်​ခြည်​အမြင့်​ဆုံးအချိန်​မှာ​တောင်​ ​တောအုပ်​ထဲမှာ ​နေ​ပြောက်​သိပ်​မထင်​ ! အရွယ်​အစားလုံးပတ်​ တူညီတဲ့ သစ်​ပင်​ကြီး​တွေ ခပ်​စိတ်​စိတ်​​ပေါက်​​ရောက်​​နေမှု​ကြောင့်​ ဒီ​နေရာတင်​ တဝဲလည်​လည်​ဖြစ်​​နေသည်​ဟု ထင်​ရသလို ဆင်​တူသစ်​ပင်​​တွေကြား မျက်​စိလည်​နိုင်​သည်​! ဒါ​ကြောင့်​ ကျွန်​​တော်​လည်း လက်​ထဲက ဓားတိုနဲ့ ဖြတ်​သန်းလာတဲ့ သစ်​ပင်​ ပင်​စည်​​တွေမှာ အမှတ်​အသား​တွေ ပြုလုပ်​ခဲ့တယ်​!

အလင်း​ရောင်​ရှိတုန်း ခရီး​ရောက်​သ​လောက်​သွားမှ ဖြစ်​မယ်​! ညအ​မှောင်​ဆို ကျွန်​​တော်​ ခရီးဆက်​နိုင်​မည်​မထင်​! ဒါ​ကြောင့်​ တတ်​နိုင်​သ​လောက်​ ခပ်​သွက်​သွက်​ ကြိုးစား သွားရသည်​! လက်​ထဲက သံလိုက်​အိမ်​​မြှောင်​​လေးကို ကြည့်​ရင်း နီးစက်​ရာ သစ်​ပင်​​တွေကို ​သေချာမှတ်​သားရင်း ​ချွေးတို့ရွှဲနစ်​ပြီး ​ခြေ​ထောက်​​တွေ မသယ်​ချင်​ဖြစ်​လာ​ပေမယ့်​ ကျွန်​​တော်​ ဆက်​သွား​နေမိတယ်​!

"​တောအုပ်​ထဲ​ရောက်​ရင်​ ​မြောက်​ဖက်​စူးစူးကိုသာ သွား"

Daikaku sama ရဲ့ အမှာစကား ......

ကျွန်​​တော်​ ​တောထဲ ​ခြေချမိတာနဲ့ သံလိုက်​အိမ်​​မြှောင်​ကို တင်းတင်းဆုတ်​ပြီး ​မြောက်​ဖက်​ကိုသာ စွတ်​မှိတ်​လာခဲ့သည်​!

တောအုပ်​ထဲ ပိုနက်​ရှိုင်းစွာ ဝင်​မိ​လေ​လေ သစ်​ပင်​​တွေက ပိုထူထပ်​လာပြီး ​မြေပြင်​ကလည်း အမြစ်​ဆုံ​တွေ သစ်​ကိုင်း​ခြောက်​​တွေ ​ကျောက်​တုံး ​ကျောက်​ခဲ​တွေ နွယ်​ပင်​တချို့နဲ့ သွားလာရ ပိုခက်​ခဲလာတယ်​!

ကျွန်​​တော်​တကိုယ်​လုံးလည်း ခြစ်​ရာပွန်းရာ ပလပွနှင့်​ ဖြစ်​​နေ​လေပြီ ! ပါး​ပေါ်က လက်​လက်​ဆတ်​ဆတ်​ခြစ်​ရာ နှစ်​ခုဆီ ​ချွေးစ​တွေ စီးကျတဲ့အခါ စပ်​ဖျင်းဖျင်း ခံစားရတယ်​!

ခု​နေများ Kokonoe sama မြင်​လို့က​တော့ ကျွန်​​တော့်​ကို ခပ်​လှမ်းလှမ်းက​နေ မျက်​​ထောင့်​နီနဲ့ကြည့်​ပြီး "​ပေပွ စုတ်​ပြတ်​​နေတာပဲ Iori ! ဘယ်​​ချောင်​တိုးပြီး ပြန်​လာတာလည်း !" ဟူ၍ ၎င်း.... "ငြိမ်​ငြိမ်​​နေစမ်း ​အငြိမ်​မ​နေလျှောက်​သွားတုန်းကသွားပြီး ခုမှ နာတယ်​​အော်​မ​နေနဲ့ hump လူသား​တွေ အားနွဲ့တယ်​ ထိခိုက်​လွယ်​တယ်​ မုန်းတယ်​" ဟူ၍ ၎င်း တဗျစ်​​တောက်​​တောက်​ ​ရေရွတ်​​ရင်း ဒဏ်​ရာ​တွေကို ကု​ပေးပေလိမ့်​အုံးမည်​!

Unbreakable (Zawgyi Version)Where stories live. Discover now