Chapter 8

15.3K 1.1K 79
                                    

"Daikaku sama!!"

ခန်းမ​ဆောင်​​ဆီသို့ ​လျှောက်​လမ်းမှာ ​ရေးကြီးသုတ်​ပြာ ​လျှောက်​လှမ်းလာတဲ့ Daikaku ကို အ​စောင့်​ spirit ​တွေ အလျှင်​အမြန်​ အရို​အ​သေ​ပေးလိုက်​ရတယ်​!

Daikaku ရဲ့ ခြေလှမ်းကျဲ​တွေ​ကြောင့် သူ့ရဲ့အဖြူ​ရောင်​ဝတ်​ရုံဆီက တဖြတ်​ဖြတ်​အသံ​တွေထွက်​​ပေါ်​နေသည်​!

Daikaku ရဲ့ မျက်​ခုံးတွေ တွန့်​​ကွေး​နေပြီး စိုးရိမ်​ပူပန်​​နေဟန်​က သူ့မျက်​နှာမှာ အတိုင်းသား​ပေါ်​နေတယ်​!

"အခုကိစ္စကို ပြန်​လည်​စဉ်းစားသုံးသပ်​သင့်​ပါတယ်​ Izanagi sama!!!"

ခန်းမ​ဆောင်​တံခါးကို တွန်းဖွင့်​ပြီး အလျင်​စလို​ပြောလိုက်​တဲ့ Daikaku ဆီ ​အေးစက်​တဲ့ အကြည့်​စူးစူးက လွင့်​ပျံ​ရောက်​ရှိလာတယ်​!

"မနက်​​စော​စော စီးစီး ဘာ​တွေလာဆူ​နေလည်း?"

ညင်​သာတယ်​ဆို​ပေမယ့်​ အမိန့်​သံဆန်​တဲ့ အ​မေးစကား​ကြောင့်​ Daikaku ခန်းမ​ဆောင်​တံခါးကို အသာပိတ်​ရင်း ခပ်​ရို့ရို့​လေး ရပ်​​နေလိုက်​သည်​!

ရွှေဝါ​ရောင်​ဝတ်​ရုံနဲ့ ​Izanagi samaဟာ အခန်းထဲက အလှစိုက်​ပန်းပင်​ပု​လေး​တွေကို ​အေး​ဆေးညင်​သာစွာ ​ရေ​လောင်း​နေတယ်​!

အခန်းတခုလုံးက Izanagi sama ရဲ့ ညင်​သာတဲ့ ​ခြေလှမ်း​ကြောင့်​ဝတ်​ရုံအနားခတ်​သွားတဲ့ အသံရယ်​ Daikaku ဆီက တိုး​ဖျော့တဲ့ သက်​ပြင်းချသံသဲ့သဲ့ရယ်​က လွဲလို့ တိတ်​ဆိတ်​​နေသည်​!

အချိန်​အပိုင်းအခြားတစ်​ခုဟာ ခရုတစ်​​ကောင်​လို ​နှေး​ကွေးစွာ ကုန်​ဆုံးသွားပြီးတဲ့ ​နောက်​မှာ Daikaku တစ်​​ယောက်​ ဆက်​ပြီး တိတ်​ဆိတ်​မ​နေနိုင်​​တော့ဘူး!

"Izanagi sama ! Kokonoe အတွက်​ အခု ပြစ်​ဒဏ်​က ကြီး​လေးလွန်းတယ်​ မဟုတ်​ပါလား"

"ငါကိုယ်​​တော်​ရဲ့ဆုံးဖြတ်​ချက်​ကို ​အတွန့်​တက်​ပြီး ကောင်းကင်​ရဲ့ အလိုကို ၊ လိုက်​နာရမယ့်​ စည်းမျည်း စည်းကမ်း​တွေကို ၊ ငြင်းဆန်​​ဖောက်​ဖျက်​တဲ့ သူဖက်​က ​ရှေ့​နေလိုက်​ချင်​တာလား Daikaku?"

Unbreakable (Zawgyi Version)Where stories live. Discover now