Unexpectable [ Iwaki × Tenri ] side story part 3

12.6K 932 248
                                    

"​မြောက်​ပိုင်းပြည်​နယ်​ရဲ့ ကိုယ်​စားလှယ်​ အဖြစ်​လာ​ရောက်​တဲ့ ကျွန်​​တော်​မျိုး Kouzuki , Izanagi sama ကို ဂါရဝပြုပါတယ်​ "

ညီလာခံ​တက်​​ရောက်​​နေတဲ့ Kami sama ​တွေ အားလုံးရဲ့ အကြည့်​​တွေဟာ ခန်းမအလယ်​က Kouzuki ဆီမှာ ရှိ​နေပြီး သူတို့ဟာ အလွန်​အမင်း စိတ်​ဝင်​တစားဖြစ်​​နေပုံပဲ ! အချင်းချင်း တီးတိုး ​ဆွေး​နွေးသံ​တွေက ခန်းမထဲ ခပ်​အုပ်​အုပ်​​ပေါ်ထွက်​​နေတယ်​ ! Kokonoeက​တော့ သူ့​နေရာက​နေ ခန်းမအလယ်​က Kouzuki ကို စူးစူးဝါးဝါးကြည့်​ရင်း ငြိမ်​သက်​​နေ​လေသည်​ !

" Ryujin က သူ့ရဲ့ သား​တော်​အငယ်​ကို ကိုယ်​စားလှယ်​​အဖြစ်​ ဒီလို ​နေရာ​ပေးပြီး လွှတ်​လိမ့်​မယ်​လို့ ငါကိုယ်​​တော်​ထင်​မထားမိဘူး!"

"ခမည်း​တော်​က Izanagi sama ကို သဝဏ်​လွှာ ​ပေးပို့ခိုင်းလိုက်​ပါတယ်​ !"

Kouzuki က Kami sama အ​ပေါင်းရဲ့ တီးတိုး​ပြောဆိုသံ​တွေ နဲ့ Izanagi sama ကိုယ်​တိုင်​ရဲ့ သူ့အ​ပေါ် ခနိုးခနဲ့ ​ပြောဆိုသံကို လျစ်​လျူရှုပြီး ​လျှောက်​တင်​စရာရှိတာကိုသာ ခပ်​​လော​လော​လျှောက်​တင်​​လေသည်​ !

Kouzuki ကို တချိန်​လုံး မျက်​စိ​ဒေါက်​​ထောက်​ အကဲခတ်​​နေတဲ့ Kokonoe နှုတ်​ခမ်း​တွေ တွန့်​​ကွေးသွားတယ်​ ! သူကြည့်​ရတာ တစုံတရာကို သ​ဘောကျသွားတဲ့ ပုံပဲ !

" စုံညီ​တွေ့ဆုံပွဲ ဖိတ်​ကြားလွှာ​တွေ မပို့​ဆောင်​ရ​သေးခင်​ကို Ryujin ဆီက သဝဏ်​​ရောက်​လာတာဟာ အံ့သြစရာပဲ !"

Izanagi sama က မျက်​ဝန်း​တွေ ​မှေးကျဉ်းလိုက်​ပြီး သူ့ထံဆက်​သတဲ့ သဝဏ်​ကို ဖတ်​ရှုလိုက်​တယ်​ !

သဝဏ်​ထဲ ဘယ်​လိုအ​ကြောင်းအရာ​တွေ ​ရေးသားထားသည်​မသိ ဖတ်​ရှု​နေတဲ့ Izanagi sama ရဲ့ မျက်​နှာဟာ မဲပုတ်​လာသည်​!

" အတင့်​ရဲလိုက်​​လေ !!!!!!"

ရုတ်​တရက်​ Izanagi sama ဟာ ဝုန်းကနဲ ထရပ်​ပြီး လက်​ထဲက သဝဏ်​ကို လွှင့်​ပစ်​ကာ ​ဒေါသတကြီး​အော်​ဟစ်​လိုက်​တဲ့အတွက်​ ခန်းမ​ဆောင်​ထဲရှိ Kami sama ​တွေအားလုံး Izanagi sama ဆီက အရှိန်​အဝါ ဖိအားတစ်​ခုကို ပြင်းစွာခံစားလိုက်​ကြရ​လေသည်​ ! Izanagi sama လွှတ်​ပစ်​လိုက်​တဲ့ Ryujin sama ရဲ့ သဝဏ်​ဟာ ချက်​ခြင်းဆိုသလို မီး​တောက်​​လောင်​သွား၏ !

Unbreakable (Zawgyi Version)Where stories live. Discover now