Unexpectable [ Iwaki × Tenri ] side story part 2

10.4K 930 133
                                    

နွေရာသီမနက်​ခင်းက ထုံးစံအတိုင်း ​နွေး​ထွေးတဲ့ ​နေ​ရောင်​ခြည်​နဲ့ စတင်​မြဲ ...

မ​နေ့ည​နေက ကသုတ်​ကယက်​ရွာခဲ့တဲ့ မိုးဟာ အခု​တော့ သူမဟုတ်​သလို ​ကောင်းကင်​က ကြည်​စင်​လို့​နေသည်​! ​တောအုပ်​ရဲ့ မနက်​ဟာ ငှက်​အ​ပေါင်းတို့ အစာရှာထွက်​သံနဲ့ ညံစီ​နေတယ်​ !

Tenri မနက်​​စော​စော Kokonoe sama ဆီ အခစားဝင်​ဖို့ ပြင်​ဆင်​ပြီး အိမ်​ခန်း​ဆောင်​ တံခါးကို တွန်းဖွင့်​လိုက်စဉ်​...

"ဟီး ~"

အခန်း​ဆောင်​​ပေါက်​ဝမှာ အူ​ကြောင်​​ကြောင်​ရယ်​ပြ​နေတဲ့ အနီ​ရဲရဲဝတ်​ရုံရှည်​နဲ့ ​ကောင်​​လေး ....

Tenri မျက်​ခုံး​တွေ တွန့်​​ကွေးသွားတယ်​ !

အနီရဲရဲ ဝတ်​ရုံ ၊ နက်​​မှောင်​တဲ့ ဆံပင်​တိုတို နဲ့ မျက်​လုံးဝိုင်းဝိုင်း​တွေ ပိုင်​ဆိုင်​​ပေမယ့်​ သူဟာ...

"Iwaki !!?"

"အာ..ဟ... Shiro ကိုက​တော့ ဘယ်​လိုမှ လိမ်​လို့မရပါလား?"

Iwaki က မချိတင်​ကဲ​လေသံနဲ့ ​ရေရွတ်​ရင်း အနီရဲရဲ ဝတ်​ရုံနဲ့ အချိုးမကျစွာ ဟန်​လုပ်​​နေတယ်​ !

"Hump >< ဘယ်​အချိန်​ထဲက ​တောအုပ်​ကိုခိုးဝင်​ပြီး Iori အ​ယောင်​​ဆောင်​​​နေတာလည်း ? Kokonoe sama သိလို့က​တော့ မင်းပြဿနာတက်​မှာပဲ "

Tenri က Iwaki ကို မျက်​လုံးတချက်​​စွေကြည့်​ပြီး ​ရေရွတ်​တယ်​ !

"အဟက်​... အဲ့ဒီ့ ​မြေ​ခွေးကြီးကို ခဏ​ခေါက်​ထားလိုက်​ပါ Shiro ရာ ! ခိုးဝင်​လာတယ်​ဆိုတာလည်း တကယ်​​တော့ ခိုးစရာရှိလို့​ပေါ့ ဟုတ်​တယ်​မဟုတ်​ ?"

"ခိုးစရာ ?"

Iwaki ရဲ့ ခပ်​တည်​တည်​စကား​ကြောင့်​ Tenri မျက်​လုံးပြူးသွားတယ်​ ! ဒီ​ကောင်​​လေးက ​ဘောင်​မဝင်​တာ​တွေ ​ပြောတတ်​​ပေမယ့်​ အတည်​​ပေါက်​ဆို တကယ်​လုပ်​မယ့်​ပုံ ! မသကာ သူ့မိခင်​က Iori ကို ပြန်​ခိုးခိုင်းလိုက်​တာများ ဖြစ်​​နေမလား? Shijou ​တွေ ပြဿနာကို မီး​မွှေးပြန်​ပြီထင်​၏ !

Tenri အ​တွေး​များသွားပြီး စိုးရိမ်​စိတ်​​ကြောင့်​ ကိုယ်​ခန္ဓာက ဆတ်​ခနဲ​တောင့်​မတ်​သွားတယ်​ !

Unbreakable (Zawgyi Version)Where stories live. Discover now