Unexpectable [ Iwaki × Tenri ] side story part 8

7.5K 867 273
                                    

အာရုဏ်​တက်​ခါနီး ​တောအုပ်​ဟာ တိတ်​ဆိတ်​လျှက်​ရှိသည်​ ! အ​ရှေ့​တောင်​တန်းများဆီက ပြူထွက်​စ ​နေ​ရောင်​ဟာ ​တောအုပ်​ရဲ့ အုပ်​ဆိုင်းတဲ့ အစိမ်း​မှောင်​ထုထဲ တိုးဝင်​ဖို့ရာ မစွမ်းသာ​သေး​တာ​ကြောင့်​ ​တောအုပ်​ဟာ ပိန်းပိတ်​​အောင်​​မှောင်​ဆဲပင်​ ! Tenri နဲ့ Kouzuki တို့ ​တောအုပ်​ထဲ Iwaki ​ပြောတဲ့အတိုင်း ​တောင်​ဖက်​စူးစူးသို့ သတိနဲ့ ချဉ်းနင်းဝင်​​ရောက်​လာခဲ့တယ်​ !

" Shijou ​ကောင်​​လေးပြောတာ ​တောင်​ဖက်​စူးစူးပဲတဲ့လား ?"

"ဟုတ်​တယ်​ ! ​တော်​​တော်​​လိုက်​ရတယ်​​ပြောတယ်​ ! "

"အဟက်​ အဲ့ဒီ့​ကောင်​​လေး ဒီ​အထိ တစ်​​ယောက်​ထဲ စွတ်​စွတ်​ရွတ်​ရွတ်​ ​နောက်​​ယောင်​ခံလိုက်​ရဲတာ အံ့မခန်းပဲ "

" ဘာမှ အံ့မခန်းဘူး အလကားအရဲကိုး​နေတာ သူ့ဦး​နှောက်​ထဲက ကိုယ့်​ကိုကိုယ်​အထင်​ကြီးလွန်းတဲ့ အရူးပိုးကို ဘယ်​လိုမှ ထုတ်​ရမှာမဟုတ်​ဖူး !"

Tenri က အခု​တော့လည်း သူမဟုတ်​သလို Iwaki ကို တဖြစ်​​တောက်​​တောက်​​နဲ့ အပြစ်​တင်​​နေပြန်​သည်​ ! Kouzuki ပြုံးလိုက်​မိ​တယ်​ ! Iwaki သာ နိုးလာခဲ့ရင်​ ​Tenri ရဲ့ နားပူ​အောင်​ ​ငေါက်​တာကို ခံရအုံးမှာ အ​သေအချာပဲဆိုတာ Kouzuki သိ​တယ်​ !

မကြာမှီ​တောအုပ်​ထဲ သစ်​ပင်​တို့ ပိုပို အုံ့ဆိုင်းလာပြီး​နောက်​ သစ်​မြစ်​​တွေ လိမ်​ယှက်​​နေတာ လမ်းသွားဖို့ပင်​ မလွယ်​ကူ​တော့တဲ့ အ​နေအထားသို့​ရောက်​ရှိလာတယ်​ !

လမ်းရဲ့ အ​ခြေအ​နေကိုကြည့်​ပြီး Tenri ​ဒေါသထွက်​လာပြန်​တယ်​ ! Iwaki ဆိုတဲ့ ​ကောင်​ဟာ တကယ်​ကို ထင်​တလုံးနဲ့ စွတ်​လုပ်​တာပဲ ! ​ပြောစကားဘယ်​​တော့မှ နားမ​ထောင်​သလို သတ်​မှတ်​ထားတဲ့ စည်းကမ်းမှန်​သမျှ လွယ်​လွယ်​​ဖောက်​ဖျက်​ပြစ်​တာ မုန်းစရာ​ကောင်းသည်​ !

"Iwaki ​လောက်​ မုန်းစရာ​ကောင်းတဲ့ လူသားမရှိဘူး !"

" humm~"

Tenri ​ဒေါသထွက်​ထွက်​နဲ့ ​ရေရွတ်​လိုက်​​တော့ Kouzuki ဆီက ခနဲ့တဲ့တဲ့သံ​လေးထွက်​လာတယ်​ ! Tenri နားရွက်​​တွေ ရဲသွားပြီး ...

Unbreakable (Zawgyi Version)Where stories live. Discover now