Unexpectable [ Iwaki × Tenri ] side story part 7

6.8K 885 226
                                    

"နှုတ်​ဆက်​ပါတယ်​ Iori "

" nii .... nii san ( နီးစံ = အကို )! Iwaki nii san !!!!!!!"

ကျောခိုင်းသွားတဲ့ Iwaki ဟာ Ioriရဲ့​ခေါ်သံကို မကြားသည့်​ သ​ယောင်​ ! သူဟာ ပြန်​လှည့်​မလာပဲ အ​မှောင်​ထုထဲသို့ ပိုတိုးဝင်​လို့သွားတယ်​ !

"Iwaki nii san !!!!!! "

ပြေးလိုက်​မိတဲ့ Iori ​ခြေ​ထောက်​​တွေဟာ ​နှေးလွန်း​နေသည်​ ထင်​၏ ! Iwaki ​ကျောပြင်​ဟာ ရုတ်​ချည်းဆိုသလို သူနဲ့ ပိုပို​ဝေး၍သွား​လေသည်​ !

"Iwaki nii san !!!!!!!"

Iori ရင်​ဘတ်​ထဲက အဆုတ်​​တွေ ပွင့်​ထွက်​မတပ်​ ​အော်​လိုက်​​သော်​ငြား လက်​​တွေ့မှာ အသံက တစ်​စက်​မှ ထွက်​ကျမလာခဲ့သလိုလို ...

" nii san မသွားပါနဲ့ ! ဟင့်​ ~"

" ....ori ....Iori ! Iori !!"

"ဟင်​ ?"

ရုတ်​တရက်​ ခပ်​မာမာအသံနှင့်​အတူ Iori ခန္ဓာကိုယ်​တစ်​ခုလုံး လှုပ်​နှိုးခံလိုက်​ရတယ်​ ! ​ဝေ​ဝေဝါးဝါး မျက်​လုံး​တွေ ကြည်​စင်​လာတဲ့အခါ မျက်​ခုံး​တွေ တွန့်​​ကွေးထား​ပေမယ့်​ စိုးရိမ်​ပူပင်​ဟန်​ အနည်းငယ်​စွက်​​နေတဲ့ Kokonoe samaမျက်​နှာက သူ့အ​ပေါ် ဆီမိုး​လို့ ...

"Iori မင်းဘာဖြစ်​တာလည်း ?"

အိပ်​​နေရင်း ပါး​ပေါ် မျက်​ရည်​​တွေ ထိန်းမနိုင်​သိမ်းမရ စီးကျ​နေတဲ့ Iori ကို ကြည့်​ရင်း Kokonoe တစ်​​ယောက်​ နားမလည်​နိုင်​ ဖြစ်​​နေသလိုပဲ ! သူအထင်​ Iori တစ်​​ယောက်​ နာကျင်​မှု တခုခု ခံစား​နေရလို့ လို့ ​တွေးပုံရသည်​ ! Iori လက်​​တွေ ​ခြေ​ထောက်​​တွေကို ​တောင်​​မြှောက်​ ​မြောက်​​မြှောက်​လုပ်​ရင်း ဒီနားနာလို့လား ဟိုနားနာလို့လား  ​မေး​နေတယ်​ !

"ဟင့်​အင်း မဟုတ်​ဖူး မနာဘူး !"

"နို့ ဒါဖြင့်​ ဘာကိစ္စ ညဉ့်​နက်​သန်း​ခေါင်​ အိပ်​ရင်း ထငိုတုန်း ?"

မြေ​ခွေးကြီးက လက်​ပိုက်​လိုက်​တယ်​ ! ပြီး​တော့သူ့မျက်​​မှောင်​ကို ကုတ်​ ... နားရွက်​​တွေကို တဖြတ်​ဖြတ်​ခတ်​ရင်း ​မေးခွန်းထုတ်​​လေ​တော့သည်​!

Unbreakable (Zawgyi Version)Where stories live. Discover now