Chapter 15

16.4K 1.4K 185
                                    

မနက်စောစော ရောင်နီပျို့တာနဲ့ ကျွန်တော် တောင်ပေါ်စတက်ခဲ့တယ်! တောင်ကမ်းပါးယံမှာ ကပ်ပေါက်နေတဲ့ နွယ်ပင်တွေ ထိုးထွက်နေတဲ့ ကျောက်ဆိုင်တွေကို အားပြုပြီး ကြိုးစားတက်ခဲ့သည်! ဖြည်းဖြည်းချင်း တလှမ်းချင်းတိုင်း Kokonoe sama နဲ့ ပိုနီးလာပြီဆိုတဲ့ အသိက ကျွန်တော့်ကို အားပိုရှိလာစေတယ်!

တောင်က ပိုပြီး မတ်ဆောက်လာတယ်! နေရောင်က ပိုမြင့်လာပြီမို့ အပူချိန်ကလည်းတိုးလာသည်! တကိုယ်လုံးချွေးတွေ သီးနေပေမယ့် ကျွန်တော် မနေမနား ကြိုးစားတက်နေတုန်းပဲ! တချို့ မခိုင်တဲ့ နွယ်ပင်တွေကို ဆွဲမိတဲ့အခါ ဟန်ချက်ပျက်ပြီး ခဏခဏ ပြန်လိမ့်ကျလည်း ကျွန်တော် အားမလျော့မိဘူး!

ကျွန်တော့်လက်ဖဝါးတွေက ပေါက်ပြဲပြီး သွေးတို့စို့နေတယ်! ချော်ကျတဲ့ ဒါဏ်ကြောင့် ခြေသပွတ်တိုင်လည်သွားတဲ့ ညာဖက်ခြေချင်းဝတ်ကို အဝတ်နဲ့ အကျပ်စည်းနှောင်ပြီး ကြိုးစားတက်ပြန်သည်!

တက်လာတဲ့ လမ်းတစ်လျှောက် နာနေတဲ့ ခြေချင်းဝတ်ကို ကျွန်တော် ညှာလို့မရဘူး ပိုမတ်စောက်လာတဲ့ တောင်ကျောမှာ ခြေချင်းဝတ်ကို ညှာလို့ ပြုတ်ကျရင် ကျွန်တော်တကိုယ်လုံး ကြေမွသွားနိုင်သည်!

တကိုယ်စာ ထိုင်လို့ရတဲ့ တောင်ခါးပန်းလေးအရောက် ကျွန်တော် ခဏနားလိုက်တယ်! ရှေ့ဆက်တက်ရမယ့် တောင်ဟာ ကျောက်နံရံသဖွယ်ဖြစ်လို့နေသည်! ပထမကျွန်တော်တက်လာခဲ့တဲ့ နေရာလို နွယ်ပင်တွေကိုဆွဲပြီး ကုန်းတက်ရမယ့် နေရာမျိုးမဟုတ်ပဲ ကျောက်စွန်းနဲ့ သစ်မြစ်တချို့ နွယ်ပင်တစ်ချို့ကို ဆွဲပြီး တွယ်တက်ရမယ်နေရာမျိုး ဖြစ်လို့နေတယ်!

ကျွန်တော် ထိုင်နေရင်း တဆစ်ဆစ်နာနေတဲ့ ခြေချင်းဝတ်ကို စည်းနှောင်ထားတဲ့ အဝတ်စကို ပိုတင်းလိုက်တယ်! လတ်တလောလေးမှ ရ ထားတဲ့ နှဖူးက ဒါဏ်ရာက နေပူရှိန်ကြောင့် သွေးပိုထွက်လာသလိုပဲ!  ကျောက်နံရံကို တွယ်တက်နေတုန်း သွေးက ထပ်စီးကျလာလျှင် မခက်ပေလား? ကျွန်တော် အဝတ်စတစ်ခုနဲ့ နှဖူးကို ပတ်ပြီး စည်းနှောင်ထားလိုက်သည်!

ကျွန်တော်လွယ်အိတ်ထဲက ရေဘူးက လက်ကျန်ရေကို အကုန်မော့သောက်လိုက်တယ်! အဲ့ဒီ့နောက် ရေဘူးခွံရော လွယ်အိတ်ပါ အကုန်ထားပစ်ခဲ့ပြီး ကျောက်နံရံကို တွယ်တက်ဖို့ စတင်လိုက်တယ်!

Unbreakable (Zawgyi Version)Where stories live. Discover now