Irreplaceable [ Kaname × Daikaku ] side story part 7- Final

17.6K 1.1K 290
                                    

"ငါတကယ်ပဲ ရူးသွားတယ်ထင်တယ်"

အနောက်ဖက် ဥယျာဉ်တော်နဲ့ ခပ်လှမ်းလှမ်းကို အရောက် Daikaku တယောက်ထဲ ကြောင်တောင်တောင်ရေရွတ်မိသည်!

အခုချိန်ထိ နားထဲက မထွက်သေးတဲ့ Kaname ရဲ့ ဖွင့်ဟသံတွေ....

သူ့မျက်နှာပေါ်က စိုးထိတ်မှုလေးတွေ.....

အဲ့ဒီ့ စိုးထိတ်မှုရဲ့ ပရောဂကြောင့် တွန့်ကွေးနေတဲ့ Kanameရဲ့ မျက်ခုံး နက်နက်တစုံ.....

တင်းတင်းစိထားတဲ့ နှုတ်ခမ်းပါးတစ်စုံ.......

ကြောင်အမ်းအမ်းအခြေအနေက ရုတ်တရက် ဝင်းလက်သွားတဲ့ Kaname အမူအရာ ....

သူ့ခြေလှမ်း အကြွ......

သူ့ဆီက အသက်ရှူသံ ပြင်းပြင်း .....

အရာအားလုံးက အဝေးဆီ ကျန်နေခဲ့ပေမယ့် အနားမှာ တဝဲလည်လည်ရှိနေသေးသလို ခံစားနေသည်! ဒါ ရူးသွားတာမဟုတ်လို့ ဘာများဖြစ်အုံးမှာလည်း? စိတ်ဆိုးဒေါသထွက်သင့်တဲ့ အပြုအမူတွေ အဆက်မပြတ်လုပ်နေခဲ့တာတောင် အမျက်မထွက်ပဲ နှလုံးသားက သူမဟုတ်သလို ခုန်လှုပ်နေခဲ့တာ သွက်သွက်ခါအောင် ရူးသွားတာ မဟုတ်လို့ ဘာဖြစ်အုံးမှာလည်း?

"အဟက်..... မင်းကြောင့်....အဲ့ဒါမင်းကြောင့် Kokonoe ! မင်းငါ့ကို လက်စားချေလိုက်တာမဟုတ်လား? မင်းအနိုင်ရပါတယ်လေ ! "

Daikaku က ဟက်ကနဲ ရယ်ချရင်း ကောင်းကင်ကို မော့ကြည့်ကာ တကိုယ်တည်းရေရွတ်လိုက်တယ်! ကောင်းကင်မှာ လွင့်မျောနေတဲ့ တိမ်တွေသာ စကားပြောတတ်ရင် ဒီစကားကို Kokonoe ဆီရောက်စေချင်ရဲ့.....

"ဟတ်ချိုး!!!!!!!!!"

"Ko....Kokonoe sama?"

ရုတ်တရက် နှာထချေပြန်တဲ့ Kokonoe sama ကြောင့် Iori ပြူးကြောင်ကြောင်နဲ့ အံ့သြသွားတယ်!

အခုဆို Kokonoe sama နှာချေတာ အကြိမ်မနည်းဖြစ်နေပြီ!

"Kokonoe sama နေကောင်းရဲ့လား? နှာတွေ ခဏခဏချေနေတယ်!"

"Hump ! ငါ့ကို မင်းတို့လူသားတွေကို ပျော့ညံ့ညံ့ထင်လို့လား Iori ! ငါက ဘာကိစ္စနေမကောင်းဖြစ်ရမှာ......ဟတ်ချိုး!!!!!!"

"ကဲကြည့် အဲ့ဒါကြောင့်ပြောတာ ရေချိုးတာ အကြာကြီး မချိုးနဲ့ဆိုတာ အခုလည်းကြည့် ခေါင်းလည်းသေချာမသုတ်ဖူး ! Kokonoe sama ဆံပင်က အရှည်ကြီးကို ခြောက်အောင်မသုတ်တော့ အအေးမိမှာပေါ့!!!!!"

Unbreakable (Zawgyi Version)Where stories live. Discover now