Human are curious creatures [ special extra ! Kokonoe sama's inner thought ]

13K 1.1K 192
                                    

တောအုပ်​ဟာ တိတ်​ဆိတ်​တယ်​ ၊ ​အေးချမ်းတယ်​ .....

"Kokonoe sama!!!!!!!! Kokono....အမ​လေး !"

*ဒုန်း*

*ဝုန်း*

" အား လာ လာ...နာလိုက်​တာ"

ဆု​တောင်းစာ​တွေဖတ်​​နေတဲ့ Kokonoe မျက်​ခုံး​တွေ တွန့်​​ကွေးသွားတယ်​ !

ဒီ​တောအုပ်​ငြိမ်းချမ်းတယ်​ဆိုတာ အဲ့ဒီ့အ​ကောင်​​ပေါက်​စ မ​ရောက်​လာခင်​ကပါ​လေ ...

လူသား​တွေ ​ပျော့ညံ့တယ်​ ထိခိုက်​ကျိုးပဲ့လွယ်​တယ်​ အဲ့ဒါအပြင်​ အခုလို ရှပ်​ပြာပြာနိုင်​တယ်​ ပြာယာခတ်​တယ်​ ဆူညံတယ်​ ဒီ့အတွက်​ ပိုမုန်းမိတယ်​ ....ဒါ​ပေမယ့်​လည်း Iori နန်း​ဆောင်​ထဲကို ထုံးအစံအတိုင်း ဆူညံစွာဝင်​လာတာကို Kokonoe နှင်​မထုတ်​မိဘူး!

"ဟို ... Kokonoe sama ဆု​တောင်းစာ​တွေ ဖတ်​​နေတာလား အများကြီးပဲ ! ကျွန်​​တော်​ စာလိတ်​​တွေ ကူစီ​ပေး...."

"​တော်​စမ်း လာမရှုပ်​စမ်းနဲ့ ငြိမ်​ငြိမ်​​နေ ! မိုးလင်းထဲက ဆူညံ​နေတာ !"

Kokonoe ရဲ့ ​ခေါက်​​ငေါက်​​ငေါက်​အသံ​ကြောင့်​ Iori တုန်​သွားတယ်​ ! တုန်​သွားတာ ယုန်​သူငယ်​လိုပဲ ! အသည်းငယ်​တာလည်း ယုန်​​လောက်​နီးနီးရှိမယ်​ ! မသိရင်​ သူပဲ အပြစ်​လုပ်​မထားသလိုလို သူပဲ နစ်​နာသူလိုလို နဲ့ လူသား​တွေ မာယာများသည်​!

Ioriက သူ့ဒူး​ခေါင်း​လေး ပွတ်​ရင်း ငြိမ်​​နေပြန်​ ​တယ်​ ! ​ဒါစော​စောက ​ချော်​လဲလို့ နာ​နေတာကို ဖုံး​ကွယ်​ထားတာပဲ !

အဲ့ဒီလို ဖုံးကွယ်​တတ်​တာကို မုန်းတယ်​ ! ဒါ​ပေမယ့်​ Iori မျက်​နှာ ရှုံ့မဲ့​နေတာကို ပိုမုန်းမိတယ်​ထင်​တယ်​ !

"မင်းဝတ်​ရုံကို လှန်​စမ်း!!!"

"ဟင်​...Ko..Kokonoe sama"

Iori စကားသံ​​တွေဟာ စိတ်​မရှည်​ချင်​စရာ အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြစ်​သွားပြီး သူ့မျက်​နှာက ချက်​ခြင်း မက်​မုံသီးလို ပန်း​ရောင်​သန်းလာတယ်​ !

အဲ့သလို စိတ်​မရှည်​ချင်​စရာ​တွေကိုလည်း မုန်းတယ်​ ! ဒါ​ပေမယ့်​......

Unbreakable (Zawgyi Version)Where stories live. Discover now